DVB Logo
Home
မြန်မာသတင်း
အမေရိကန်နဲ့ မြန်မာ ရခိုင်ဖြစ်စဉ် ဆွေးနွေး
DVB
·
April 11, 2014
အမေရိကန်နဲ့ မြန်မာ ရခိုင်ဖြစ်စဉ် ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်နီယယ် အာရ် ရူဆယ် (H.E. Mr. Daniel R. Russel) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ဆွေးနွေးကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

U Thein Sein meet with US 20140410-1-3ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး၊ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုလ် အဖွဲ့အစည်း တွေကို လုံခြုံမှု အပြည့်အဝပေးနိုင်ရေး၊ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး အဖွဲ့တွေ ရခိုင်ပြည်နယ်တွင်း ပြန်လည် ၀င်ရောက်ဆောင်ရွက်ခွင့် ရရှိရေးဆိုင်ရာများနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေပြီး ခိုင်မာစွာ ထောက်ခံ အားပေးနေတယ်ဆိုတာကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတနဲ့ အစိုးရအဖွဲ့က မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မှုနဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုလည်း ထောက်ခံ အားပေးတယ်ဆိုတာကို ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်မှာ ဆွေးနွေးတဲ့နေ့မှာပဲ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းဟာ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို သွားရောက်တွေ့ဆုံပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ပြန်လည်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ရခိုင်ပြည်နယ်စစ်တွေမှာ အိုင်အန်ဂျီအိုရုံးတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့လို့ ကျပ်ငွေသန်းပေါင်း ၄၇၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သလို ၀န်ထမ်းတွေအတွက် အစိုးရက လုံခြုံရေးပေးခဲ့ရပြီး ဒေသတွင်း အိုင်အန်ဂျီအိုလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနား က အိုင်အန်ဂျီအိုအဖွဲ့တွေ လုပ်ငန်းလုပ်ကိုင်ခွင့်မရတဲ့အတွက် ဒုက္ခသည်စခန်းအသီးသီးက လူပေါင်း ၁ သိန်း ၄ သောင်းလောက်နဲ့ ဒုက္ခသည်စခန်းပြင်ပက ဒေသခံတွေ ၇ သိန်းလောက် ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်ရတယ်ဆိုတာကို ထုတ်ပြောခဲ့သလို လူဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုမြောက်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတော့ ရခိုင်ပြည်နယ်အစိုးရနဲ့ ကုလသမဂ္ဂအပါအ၀င် အိုင်အန်ဂျီအို တွေနဲ့ ဒေသခံတွေ ဆွေးနွေးကြပြီး မာတီဇာအဖွဲ့နဲ့ အေဇက်ဂျီ အိုင်အန်ဂျီအိုနှစ်ဖွဲ့ကလွဲလို့ ကျန်အဖွဲ့တွေ ပြန်ဝင်ရောက်လုပ်ကိုင်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စစ်တွေအိုင်အန်ဂျီအိုရုံးတွေ တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ဖွယ် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013