DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က တချို့မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခြင်း မရှိ
DVB
·
April 11, 2014
ရခိုင်ပြည်နယ်က တချို့မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခြင်း မရှိ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ အတာသင်္ကြန်ကို စည်စည်ကားကား ကျင်းပဖို့ ရှိနေမယ့် တချို့မြို့တွေမှာတော့ ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း မရှိဘူးလို့ စုံစမ်းသိရပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အရင်နှစ်တွေက သင်္ကြန်ကို စည်စည်ကားကား ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ တချို့မြို့တွေမှာ ဗဟိုမဏ္ဍပ်တွေတောင် ဆောက်လုပ်ခြင်း မရှိဘူးလို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

Rakhaing Water Festivalသံတွဲမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်က ဒီနှစ် ရခိုင် သင်္ကြန်ပွဲတော် ပြင်ဆင်မှုအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

ဒါပေမယ့် ပင်လယ်အပန်းဖြေစခန်းရှိရာ ငပလီမှာတော့ ဟိုတယ်တွေက ဆောက်တဲ့
မဏ္ဍပ်တွေပဲ ရှိပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကျောက်ဖြူမြို့မှာလည်း ဗဟိုမဏ္ဍပ်အပါအ၀င် တခြားမဏ္ဍပ်တွေပါ ဆောက်လုပ်ခြင်း မရှိသေးဘူးလို့ သမ္ဗာန်ချောင်းရပ်ကွက်က ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှာတော့ ပြည်နယ်အစိုးရက ဦးစီးပြီး သင်္ကြန်ပွဲအတွက် စီစဉ်နေပြီး မြို့တချို့မှာ သင်္ကြန်မဏ္ဍပ်တွေ မလုပ်နိုင်တဲ့အပေါ် ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ အတာသင်္ကြန်ကို ကိုယ်ပိုင်ဟန်နဲ့ တမူထူးခြားစွာ ကျင်းပလေ့ ရှိတာဖြစ်ပြီး ရန်ကုန်မြို့မှာတော့ ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ပြီး ရခိုင်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပဖို့ရှိနေပါတယ်။

အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013