DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် အရပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
August 8, 2022
တမူးမြို့တွင် အရပ်သား ၂ ဦး ပစ်သတ်ခံရ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ (၁၂-ခ) ရပ်ကွက်၊ ပါဟဲတံတားမှာ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ ဒေသခံအမျိုးသား ၂ ဦးကို ဩဂုတ် ၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့တွေက တမူးမြို့၊ မြို့မ(၁၂-ခ)ရပ်ကွက်၊ ပါဟဲ တံတားမှာ ဖြတ်သန်းလာတဲ့ ဆိုင်ကယ်အား စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေသွားတာကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၂ ဦးသေဆုံးပြီး လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက PDF တွေလို့ စွပ်စွဲပစ်သတ်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသား ၂ ဦးဟာ  PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ PDF ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ ပါဟဲတံတားအနီးရှိ ဓာတ်ဆီဆိုင်လည်း မနေ့ည ၉ နာရီဝန်းကျင်လောက် ဝင်မွှေခံရပြီး တန်ဖိုးရှိပစ္စည်းအချို့ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လကုန်ထိ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၆ ဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013