DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု သြဂုတ် ၁၅ ရက်နေ့ အပြီးသတ်အမိန့်ချမည်
DVB
·
August 8, 2022
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု သြဂုတ် ၁၅ ရက်နေ့ အပြီးသတ်အမိန့်ချမည်
Donate to DVB

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် သြဂုတေ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်(ရုံးချုပ်)မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်း ဖောက်ဖျက်ပြီး ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းမှု၊ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေတဲ့ လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောက်လုပ်ဖို့ မြေ ၁၀၁ ဒသမ ၃၃ ဧက ချထားပေးမှု၊ ပုဗ္ဗသီရိမြို့နယ်မှာ မြေ ၂၃ ဒသမ ၈၅၅ ဧက ချထားပေးမှု၊ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေထဲက ကျပ် ၁ ဒသမ ၆ ဘီ လီယံ သုံးစွဲမှု၊ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာ ငါးသိန်းခွဲလာဘ်စားမှု စသဖြင့် စွပ်စွဲပြီး အဂတိမှုတွေနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီနေ့ သြဂုတ် ၈ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ရုံးချိန်းမှာ ရဟတ်ယာဉ်ငှားရမ်းတာ သက်တမ်းတိုးတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၄၈၊ ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၀ တို့အတွက် တရားလိုပြသက်သေ လူကယ်ပြန်ဒုတိယ၀န်ကြီးဟောင်း ဦးစိုးအောင်အား ဆက်လက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

မနက်ဖြန်ရုံချိန်းမှာ ရဟတ်ယာဉ်ပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၀ အမှု၊ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အဂတိမှုအတွက် သက်သေ သုံးဦးကို စစ်ဆေးသွားမယ်လို့လည်း အဆိုပါ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013