DVB Logo
Home
Lead Story
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ့်ခမ်းနှင့် တရုတ်နယ်စပ်သို့ ရွာသားများ ထွက်ပြေးတိမ်းရှောင်
DVB
·
April 10, 2014
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ့်ခမ်းနှင့် တရုတ်နယ်စပ်သို့ ရွာသားများ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်နဲ့ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်က ရာနဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နမ့်ခမ်း ကျားဖြူ ပါတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဇန့်ကျေးရွာအနီး လွယ်ဟိုဆေတောင်ဘက်မှာ ဧပြီလ ၁၀ ရက် မနက် ၈ နာရီကနေ ညနေ ၂ နာရီကျော်ထိ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက်  ရွာသားတွေ မနေရဲတော့ဘဲ  ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့  ရွာသားတွေနဲ့ စကားပြောခဲ့ရတဲ့  ဦးစိုင်းဆိုင်ဝမ်းက ဆက်ပြောပါတယ်။

[caption id="attachment_54755" align="alignright" width="300"]တရုတ်စစ်သားများက ဒုတ္ခသည်များအား တရုတ်ဖက်ခြမ်းသို့ မဝင်ရန်တားစီးထားစဉ် (ဓာတ်ပုံ - စိုင်းဇင်မင်းအေး) တရုတ်စစ်သားများက ဒုတ္ခသည်များအား တရုတ်ဖက်ခြမ်းသို့ မဝင်ရန်တားစီးထားစဉ် (ဓာတ်ပုံ - စိုင်းဇင်မင်းအေး)[/caption]

ရွာသားတွေဟာ မန့်ဆွမ်း၊ ကောင်းနောင်နဲ့ ကွန်ကျိုင်း စတဲ့ ရွာကဖြစ်ပြီး တချို့က နမ့်ခမ်းမြို့ ပေါ်မှာ ရှိတဲ့ ဆွေမျိုးအိမ်မှာ ၀င်ရောက်ခိုလှုံနေကြသလို တချို့ကလည်း တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသူ လူဦးရေ အတိအကျ မသိရပေမယ့်လည်း အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ မန့်ဆွမ်းကျေးရွာမှာဆိုရင် ရွာလုံးကျွတ်ပြေး လာတဲ့အတွက် အားလုံးရာနဲ့ချီ ရှိနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ထွက်ပြေးလာသူတွေ အများစုဟာ ရှမ်းရွာက ဖြစ်ပြီး သူတို့ကို ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ကျားဖြူပါတီအဖွဲ့ဝင်တွေ ဒီကနေ့ ညနေခင်းမှာ အရေးပေါ်အစည်းအဝေးတရပ်လုပ်ဖို့ ခေါ်ယူထားတယ်လို့ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောသွားပါတယ်။

ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရဘက်ကရော ကေအိုင်အိုဘက်ကရော ထုတ်ပြန်ချက် တစုံတရာ မရှိသလို ဒီဗွီဘီကလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဒီပစ်ခတ်မှုဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲအစည်းတွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမမူကြမ်းကို ရေးဆွဲပြီးကြောင်း ထုတ်ပြန်ပြီး တရက်အကြာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013