DVB Logo
Home
Lead Story
အထည်ချုပ်ပို့ကုန် ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ စံချိန်တင်
DVB
·
April 10, 2014
အထည်ချုပ်ပို့ကုန် ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ စံချိန်တင်
Donate to DVB

ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် အထည်ချုပ်လုပ်ငန်းရဲ့ ပြည်ပတင်ပို့မှုဟာ ၂၅ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော် ရုံးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေထဲက အထည်ချုပ်လုပ်ငန်းပို့ကုန်ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရောက်ခဲ့ပါတယ်။

လက်ရှိ စတင်နေပြီဖြစ်တဲ့ သီလ၀ါအထူးစီးပွားရေးဇုန်အပါအ၀င် အခြားစက်မှုဇုန်တွေမှာ နိုင်ငံခြားအထည်ချုပ်လုပ်ငန်းတွေ အဆက်မပြတ် ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖို့ ရှိနေတယ်လို့ လည်း သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုမလုပ်ခင်က အထည်ချုပ် လုပ်ငန်းက နိုင်ငံခြားတင်ပို့မှု အမြင်ဆုံးစံချိန်ဟာ ဒေါ်လာ သန်း ၈၀၀ ၀န်းကျင်အထိပဲ ရောက်ခဲ့ဖူးပြီး အခု အချိန်တိုအတွင်း စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013