
အင်္ဂလန်ဘောလုံးစနစ်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ကာကွယ်ဖို့အတွက် မန်ချက်စတာစီးတီးအသင်း ပိုင်ရှင်တွေကို အင်္ဂလိပ်ဘောလုံးလောကကနေ ထုတ်ပယ်နိုင်ကြောင်း သီးခြားဘောလုံး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အရိပ်အမြွက် ပြောလိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်အပြီးမှာ အခုလို ပြင်းထန်တဲ့ အရေးယူမှုတွေ ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကမှ စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟာ ဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာမဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်တွေမှာ အဓိက ပါဝင်ဆောင်ရွက်လာနိုင်တာ ဖြစ်ပါတယ်။
အဖွဲ့အကြီးအကဲကတော့ ဘောလုံးလောကရဲ့ ရိုးသားမှုနဲ့ သမာဓိကို အပြည့်အဝ ကာကွယ် သွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
Photo:Reuters










