DVB Logo
Home
မြန်မာသတင်း
အထက်မြန်မာပြည် ကရင်လူထုတွေနဲ့ ကေအန်ယူ တွေ့ဆုံ
DVB
·
April 10, 2014
အထက်မြန်မာပြည် ကရင်လူထုတွေနဲ့ ကေအန်ယူ တွေ့ဆုံ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၁၀ ရက် ဒီနေ့မှာ အထက်မြန်မာပြည် ကရင်လူထုတွေနဲ့ မန္တလေးမှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း အပါအ၀င် ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ပဒိုစောလှထွန်း၊ ဗိုလ်မှူးကြီးစောဖောဒိုတို့ အထက်မြန်မာပြည်က ကရင်လူထုတွေနဲ့ ပြင်ဦးလွင်မြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။

KNU meet with Karen People09042014ဒီတွေ့ဆုံပွဲမှာ အထက်ဗမာပြည်မြို့နယ်ဖြစ်တဲ့ ပျဉ်မနား၊ နေပြည်တော်၊ တောင်ကြီး၊ ဗန်းမော်နဲ့ မြစ်ကြီးနားအစရှိတဲ့မြို့နယ်က ကရင်လူထုကိုယ်စားလှယ် ၇၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုအတွက် ကရင်အမျိုးသားအစည်းအရုံးက လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ရှင်းပြပြီး လူထုတွေက ပြန်လည် မေးမြန်းဆွေးနွေးမှုတွေ လုပ်ဆောင်တာဖြစ်တယ်လို့ ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီက သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်တပိုင်းက ကေအန်ယူ အထွေထွေအတွင်းရေးမှူးက နောက်ဆုံး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တင်ပြတဲ့အထိပဲ ပြီးသေးတယ်။ ပထမအကြိမ် မူကြမ်း ပြီးတယ်ဆိုတဲ့ သဘောလောက်ပဲ ရှိတာပေါ့။ ကရင် စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပြည်သူလူထုအနေနဲ့ ပါဝင်ကြဖို့ အဓိက ဦးတည်တာပါပဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်သူလူထုရဲ့ တွန်းအားကို လိုတာကိုး။ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိမြင်မှ ဘယ်လို ပါဝင်မလဲ အဲဒါတွေပေါ့။”
ဒီတွေ့ဆုံပွဲကို အရပ်ဘက်အဖွဲ့အစည်းတွေအပြင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်၊ ဦးစောဟာရေနဲ့ ဦးစောဂျူးပလီစံလှတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ကေအန်ယူအနေနဲ့ ပြီးခဲ့တဲ့လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လူထုတွေကို အခုလို တွေ့ဆုံ ဆွေးနွေးမှု လုပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေတွေကို ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013