DVB Logo
Home
Lead Story
ကလင်ဒါကျ ဆင်ဖြူတော်
DVB
·
August 7, 2022
ကလင်ဒါကျ ဆင်ဖြူတော်
Donate to DVB

သည်ကနေ့မနက် ရေနွေးကြမ်းဝိုင်းမှာ အမြည်းကတော့ ခါးသက်သက် အရသာလေးနဲ့ ခံတွင်းရှင်းစေတဲ့ ' ကြောင်လျှာပွင့်သုပ် ' ခင်ဗျ။ မြို့မှာတုန်းက မစားဖူးခဲ့တဲ့ စားရကောင်းမှန်းကိုမသိ ခဲ့တဲ့အစားအစာတွေကို ရောက်ရှိခိုနားခဲ့တဲ့ရွာ လေးတွေမှာ မကြာမကြာ ' ဝါး ' ရပါသဗျာ။

' ကြောင်လျှာပွင့် ' တွေကို ကောက်၊ ရေဆေး၊ ထက်ခြမ်းခွာ၊ အလယ်အူတိုင်ကိုဖဲ့ထုတ်ပစ်ပြီး အခြောက်လှမ်းကြပါ၏။ ခြောက်တဲ့အခါ ဘူးတွေ၊ ပုလင်းတွေထဲမှာ လေလုံအောင်ထည့်သိမ်းထား ပြီး စားချင်တဲ့အချိန်ကျရင် လိုသလောက်ထုတ် ရေနွေးဖြောပြီး လက်သုပ် သုပ်စားကြတာ နှစ် ပေါက်တဲ့အထိပါပဲ။

ကြောင်လျှာပွင့်သုပ်ကလည်း ' ခံတွင်းလိုက် ' သလားမမေးနဲ့၊ အရသာ ရှိပါ့။ ဒီလိုပါပဲ စကား ဝိုင်းကလည်း ' နှုတ်လိုက် ' သလားမမေးနဲ့ဆိုတဲ့ အမျိုးအစားဝိုင်း ခင်ဗျ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ လေဖြတ်ထားတာကနေ ပြန်ပြီးနလန် ထူလာတဲ့ အဘထွန်းခင်တို့ရဲ့ မရိုးနိုင် တဲ့ မြန်မာ့နိုင်ငံရေးအကြောင်းတွေပေါ့ဗျာ။

" ငါတို့မြန်မာနိုင်ငံသားတွေဟာ ဘယ်လောက်ပဲ ဒုက္ခရောက်နေရောက်နေ အဲသည်ဒုက္ခထဲကနေ ' အရွှင် ' လေးတွေ ရှာဖွေတတ်တာ အံ့သြစရာကွ တောကြက်ကြီးလုံးတုံးရ "

" အဲဒါတော့ အမှန်ပဲကွ မူးသာရ . . . ငါလည်း မြန်မာပြည် တိုင်းနဲ့ ပြည်နယ်အနှံ့ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့ရတဲ့ကောင်ပဲကွ . . ဘယ်ဒေသရောက်ရောက် ဒုက္ခတောထဲကမထွက်နိုင် တဲ့လူတွေထဲမှာ ' ဟာသလေးတွေ ' ရှာရှာဖွေ ဖွေပြောတာဆိုတာ ကြုံဖူးခဲ့တာ  အများကြီးကွ။"

" ဟားဟား ဟားဟား ဟားဟား . . . ' ဒုက္ခ ' မီးအပူကို ' ဟာသ ' ရေအေးနဲ့ ဆေးကြောပြီး အပူသက်သာအောင် ကြံဆောင်တတ်တဲ့ လူမျိုးကိုးဟ လုံးတုံးရ . . . "

အဟုတ်ပါပဲခင်ဗျ ၊ ဖေကြီးလည်း ကိုယ်ကျင်လည်ခဲ့ရာ မြို့ရွာဒေသတွေမှာ အဲသလိုတွေကြားဖူး ကြုံဖူးပါတယ် ခင်ဗျ။ စာဖတ်သူမိတ်ဆွေများလည်း ဒီလိုပဲ ကြုံဖူးကြမှာ မလွဲပါ။

" အခုလို စောက်ရူးကြီးမအလကြောင့် ဒုက္ခပင်လယ်ဝေနေကြတဲ့အချိန်မှာတောင်မှ ပြည် သူလူထုဟာ ' လိုင်းပေါ် ' မှာ ' အရွှင် ' တွေရေးပြီး ' ဟား ' နေနိုင်ကြတာ အံ့သြစရာကွ "

" ဟုတ်ပ မူးသာရာ . . . စာရေးဆရာတွေတောင်မှ ' နည်းယူ ' ရမယ့် ' အလုံးတွေ ' မကြာ မကြာ ဖတ်ရသကွ . . . "

" ဟုတ်ပ ထွန်းခင်ရာ . . . ဟိုဘက်တလောကပဲ ပြုံးစရာလေး ဖတ်လိုက်ရသေးတယ်ကွ၊

' နစကပတ္တမြားကြီး ' ဆိုတာ ပေါ်ထွက်လာတယ်ဆိုတဲ့ ရက်ကလေ "

" ဟားဟား ဟားဟား ဟားဟား . . . ငါလည်း

ဖတ်လိုက်ရတယ် မူးသာရ၊ ' ပတ္တမြား ' ဆိုတာကြီးက ' ပတ္တမြား ' နဲ့မတူပဲ ' ကာဘော်လစ်ဆပ်ပြာခဲကြီး ' နဲ့ ပိုတူနေတယ်လို့ ရေးထားသဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . . . "

အဲသည်ရက်မှာပဲ ' လိုင်းပေါ် ' မှာ ကြိုတင် ' နိမိတ် ' ဖတ်ကြတဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ပုဏ္ဏားဖြူ ၊ ပုဏ္ဏားညိုတွေ တစ်လှေကြီး ထွက်ပေါ်လာပြီး " ကလင်ဒါကျအရ ဆိုရင်တော့ ' ပတ္တမြားကြီး' ပေါ်ပြီးရင် မကြာခင်မှာ 'ဆင်ဖြူ တော်' ပေါ်ထွက်လာလတ္တံ့ " လို့ အတတ်ဟောခဲ့ ကြပြီး ရက်သိပ်မကြာခင် ' ကွက်တိ ' ပဲ  ' ဆင်ဖြူ တော် ' ဆိုတာကြီး ပေါ်လာတာလည်း အမှန်ပဲ မဟုတ်ပါလား။

" အဲသည် အာဏာရူး ကြင်စိုး သာ၀ မအလနဲ့  သူ့နောက်လိုက်နောက်ပါ အယုတ်တမာ အဖွဲ့သားတွေ ရှေ့မှာ ဘာလုပ်တော့မယ် ဆိုတာကို ကြိုသိနေကြပြီး ထိပ်ကပိတ်ထားခဲ့ကြတာကွ .. . ဟ ဟ ဟ "

" ဟားဟား ဟားဟား ဟားဟား . . . ထိပ်က ဘယ်လိုပဲ ပိတ်ထား ပိတ်ထား၊ အစီအစဉ်ဆွဲ ပြီးသား မအလတွေကတော့ အရှက်လုံးဝမရှိပဲ နဂိုအစီအစဉ်အတိုင်း မင်းကောင်းမင်းမြတ် မအလကြီးလက်ထက်မှာ ' ဆင်ဖြူ တော် ' ပေါ်တယ် လုပ်ချကြပြန်တာပေါ့ကွာ . . . "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

" လိုက်လည်းလိုက်တဲ့ကောင်တွေ . . ဘုရင်ရူးနဲ့ ကျွန်ရူးတွေပါဗျား ဟား ဟား ဟား ဟား "

ဆင်ဖြူ တော်စကားဝိုင်းကား ' တဟားဟား ' ပါ ခင်ဗျ။ ' ဘုရင်ရူး ' တွေဟာ သူတို့အာဏာ သိမ်းပြီးရင် ပြည်သူလူထုကို ' ဂျင်း ' ထည့်ကြတာ အစဉ်အလာပါတဲ့။ " မင်းကောင်းမင်းမြတ်ခေတ်မှာ မြေတွင်းက ' ပြည်တန်ရတနာ ' တွေထွက်ပေါ်တယ်၊ ပြီးတော့ ' ဆင်ဖြူ တော်' တွေ ပေါ်ထွန်းတယ် " ဘာညာပေါ့ဗျာ။

မအလရဲ့ စီနီယာ အစ်ကိုကြီး အဘကြီးတွေ ခေတ်ကာလတုန်းကလည်း ပတ္တမြားကြီးတွေ ပေါ်လာလိုက် ဆင်ဖြူ တော်ဆိုတဲ့ ' ဝါကျင့်ကျင့်'တွေ ' ပြာနှမ်းနှမ်း ' တွေ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာတယ် လုပ်လိုက်နဲ့ ဂျင်းတွေထည့်လိုက်ကြတာ တစ်ကြိမ်မှာတော့ ' ဘင်္ဂလားဒေ့ရှ် ' နိုင်ငံ သစ်တောဌာန ပိုင်တဲ့ဆင်ဖြစ်နေလို့ ကြိတ်ပြီး လျော်လိုက်ရသေးသတဲ့ခင်ဗျ။

အဘစောမူးသာက ကြောင်လျှာပွင့်သုပ် တစ်ဇွန်းကိုခပ်ပြီးဝါးကာ ရေနွေးကြမ်းပူပူကို မှုတ် သောက်ရင်း ပြုံးစိ ပြုံးစိ လုပ်နေပါသဗျ။ အဘ လုံးတုံးက " ဘာပြုံးတာလဲ စ မ သ " လို့မေးတော့ သူ့ထုံးစံအတိုင်း ' တဟားဟား ' ရယ်ရင်း " ဆရာကြီး ဒေါက်တာသန်းထွန်းကို သတိရသွားလို့ကွ " လို့ ဖြေပါတယ် ခင်ဗျ။

" သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းကို ဘာလို့သတိရသွားတာလဲ မူးသာရ "

" ဟိုအရင် ဘုရင်ရူး ပလ္လင်ရူး မအလရဲ့ အစ်ကိုကြီးတွေလက်ထက်တုန်းကလည်း ဒီလိုပဲ ဂျင်း ' ဆင်ဖြူ တော် ' တွေပေါ်လာတဲ့အခါ ဆရာကြီးဒေါက်တာသန်းထွန်းက မှတ်ချက် စကား မြွက်ကြားသကွ "

" ဆိုပါအုံးဟ . . . "

" တကယ်တမ်းကျတော့ ' ဆင်ဖြူ  ' ဆိုတာဆင်အမျိုးအစားမို့ မျိုးရိုး၊ မျိုးစိပ်တွေနဲ့ ဘာမှ မဆိုင်ဘဲ ၊ အဲသည်အကောင်ရဲ့ အသားအရည်ရဲ့ ' ရောင်ခြယ်စနစ် ' ချို့ယွင်းနေတာမျိုးတဲ့ဟ၊ Skin Type ကမဟုတ်ပဲ Hypopigment  Abnormal ဖြစ်နေတာလို့ ဒေါက်တာသန်းထွန်းက မိန့်ခဲ့ပါသဗျား . . . ဟားဟား ဟားဟား ဟားဟား . . . "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

ဒါကိုပဲ ဘုရင်ရူးရူးနေတဲ့ကောင်တွေက ' ဘုန်းတော်ကြောင့် ' နဲ့ လုပ်စားလာခဲ့တာ နှစ်ပေါင်းကို ထောင်ချီခဲ့ပါပြီတဲ့ ခင်ဗျာ။ စကားဝိုင်းကား ရယ်သံများဖြင့် ဖုံးလွှမ်းခဲ့ပါလေပြီ။ အဘလုံးတုံးက သူလည်း ဆရာကြီးဒေါက်တာသန်းထွန်း၏မိန့်ကြားချက်ကို ဖတ်ဖူးကြောင်းဖြင့်  အဘစော မူးသာရဲ့အဆိုကို ထောက်ခံဆွေးနွေးလာပါလေ၏ ခင်ဗျာ။

" ' ဆင်ဖြူ  ' ဆိုတာ တစ်ကိုယ်လုံး အရောင်ခြယ် စနစ်ချို့ယွင်းပြီး တစ်ကိုယ်လုံး ' ခရုသင်း ' စွဲနေတာတဲ့ကွ . . . အေး . . . ' ခရုသင်း ' ဆိုတာဟာ' အနူဆယ်ပါး ' မှာ ' တစ်ပါး ' အပါအဝင်လို့ မှတ်

သားဘူးတာပဲကွ . . . အာဟ . . . အာဟ . . . " " ဒါဆိုရင်တော့ အယုတ်တမာ့ထွဋ်ခေါင် ကြင်စိုး သာ၀ မအလ မောင်မောင်ရဲ့ အမည်သစ်ဟာ ' ဆင်အနူရှင် မင်းငနွားကြီး မအလ ' ပေါ့ဗျား . .

. . . . . . "

" သင့်မြတ်လှကြောင်းပါ ဘုရား . . . . . . . . "

" ဟားဟား ဟားဟား ဟားဟား ဟားဟား "

  ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013