
ပြည်ထဲရေးဝန်ကြီးဌာနက စာနဲ့ ရေးသားဖြေကြားလာတဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ ပြည်နယ်၊ တိုင်းနဲ့ အခြားဌာနတွေက ကျူးလွန်ခဲ့တဲ့အမှုတွေဟာ အများဆုံးပဲလို့ သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောပါတယ်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ လာဘ်ပေး လာဘ်ယူမှုတိုက်ဖျက်ရေး ကော်မတီကို တိုင်စာ စုစုပေါင်း ၃၀၀ ကျော် ရောက်လာပြီး အမှု ၉၀ ကျော်ဟာ ပေါ်လွင်တဲ့အကြောင်းနဲ့ အဲဒီအထဲမှာ ပြည်နယ်နဲ့ တိုင်းက ကျူးလွန်တဲ့အမှုက အများဆုံး ၂၅ မှု လယ်ယာဆည်မြောင်းက ၁၁ မှု၊ ပြည်ထဲရေးဝန်ကြီးဌာနက ၁၀ မှု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ၃ မှုပဲ ရှိတယ်လို့ ဆိုပါတယ်။











