DVB Logo
Home
မြန်မာသတင်း
ဝါးတန်းဆန်ကုန်စည်ဒိုင်က လျှော့ဈေးဖြင့် ဆန်ရောင်းပေးနေသော်လည်း ပြည်သူအများစု လက်လှမ်းမမီ
DVB
·
August 7, 2022
ဝါးတန်းဆန်ကုန်စည်ဒိုင်က လျှော့ဈေးဖြင့် ဆန်ရောင်းပေးနေသော်လည်း ပြည်သူအများစု လက်လှမ်းမမီ
1 / 2
Donate to DVB

ဝါးတန်းဆန်ကုန်စည်ဒိုင်က လက်ကားဈေးထက်လျှော့ပြီး ဆန်ရောင်းချပေးမယ့် အစီအစဉ်ကို စတင်လိုက်ပြီး ဆန်ဈေးတက်လာတဲ့အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေးမဲ့ တနေရာတည်းမှာ ရောင်းချမှာဖြစ်လို့ မြန်မာပြည်သူ အများစု လက်လှမ်းမှီနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

တအိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ ဆန်ဈေးလျှော့ရောင်းရာမှာ ရွှေဘိုပေါ်ဆန်ဆန် ပုံမှန်လက္ကားဈေးကျပ် ၈၇၀၀၀ တန်ကို ကျပ် ၇၇၀၀၀ ၊ ကျပ် ၈၀၀၀၀ တန်ကို  ကျပ် ၇၅၀၀၀ ၊ ဈေးအမြင့်ဆုံးကျားပျံရှယ်တအိမ် ကျပ် ၆၆၀၀၀ တန်ကို ကျပ် ၆၀၀၀၀ ၊ ကျပ် ၄၀၀၀၀ ပေါက်ဈေးရှိတဲ့ ဧည့်မထရက် ၉၀ တစ်အိတ်ကို ကျပ် ၃၅၀၀၀ စသဖြင့်  ဆန်အမျိုးအစား ၆ မျိုးကို လျှော့ဈေးနဲ့ ရောင်းပေးနေတာဖြစ်ပါတယ်။

အခုလို ဆန်ရောင်းပေးတဲ့ အစီအစဉ်ကို နေ့စဉ်မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့  ဝါးတန်းဆန်ကုန်စည်ဒိုင်က ဩဂုတ်လ ၃ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်တာလို့ ဝါးတန်းဆန်ကုန်စည်ဒိုင်တစ်ဦးကပြောပါတယ်။

ဝါးတန်းဆန်ကုန်စည်ဒိုင်ကနေ တနေ့ ဆန်အိတ်ပေါင်း ၅၀၀၀၀ လောက်ဖြန့်ဖြူး ရောင်းချပေးနေတာဖြစ်ပါတယ်။

ဆန်ကုန်စည်ဒိုင်တစ်နေရာတည်းမှာပဲ ဈေးလျှော့ရောင်းလိုက်တာက တခြားမြို့နယ်တွေက လာရောက်ဝယ်ယူနိုင်ဖို့ သယ်ယူစရိတ်ကြောင့် အခက်အခဲတွေ ရှိပါတယ်။ ဒါကြောင့် ဈေးလျှော့ရောင်းလိုက်ပေမယ့် ဆန်ဝယ်ယူသုံးစွဲရတဲ့စရိတ်ကတော့ သက်သာသွားမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဝါးတန်း ဆန်ဈေးတွေ လျှော့ရောင်းနိုင်ဖို့ ရန်ကုန်ကို ဆန်တင်ပို့နေတဲ့ နယ်မြို့တွေက ဆန်စက်ပိုင်တွေကို ဈေးလျှော့ရောင်းပေးဖို့ ညှိနှိုင်းတိုင်ပင်ထားကြပြီး ဆန်အိတ်ပေါင်း ၃၀၀၀၀ လောက် ပြင်ဆင်ထားတယ်လို့ ဆန်အကျိုးတော်ဆောင်တွေဆီက သိရပါတယ်။

ဝါးတန်းဆန်ကုန်စည်ဒိုင်က ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာလည်း ရန်ကုန်တမြို့လုံးအတွက် ကုန်စည်ဒိုင်မှာပဲ ဆန်တွေကို ဈေးလျှာ့ရောင်းချပေးခဲ့ဖူးပါတယ်။

ပြည်တွင်းဆန်ဈေးက မနှစ်ကထက် ဆန်အမျိုးအစားအလိုက် ၂၇ ရာခိုင်နှုန်းကနေ ၇၇ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013