DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များလိုက်ပါလာသည့် ရေယာဉ် ၃ စီး တိုက်ခိုက်ခံရ
DVB
·
August 7, 2022
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များလိုက်ပါလာသည့် ရေယာဉ် ၃ စီး တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဩဂုတ် ၆ ရက် မနက်က စစ်ကောင်စီရဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ် ၃ စီးကို မင်းအိုကျေးရွာနဲ့ ကနီမြို့အကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက  တိုက်ခိုက်ခဲ့ပါတယ်။

မုံရွာနဲ့ မန္တလေးနယ်ဘက်မှ ပြည်သူတွေဆီက အဓမ္မသိမ်းယူရရှိထားတဲ့ စက်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေတင်ဆောင်တဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေဟာ မုံရွာမြို့ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အထက်ကို ဆန်တက်ထွက်ခွာလာစဉ် တိုက်ခိုက်ခံရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျောက်လုံးကြီး PDF က ထုတ်ပြန်ပါတယ်။

"ရေယာဉ် ၃ စီးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၂၀၀ လောက်ပါတယ်။ မုံရွာနဲ့ မန္တလေးနယ်ဘက်က မြို့ပေါ်အပါဝင် ကျေးရွာတွေဆီက ပြည်သူပိုင်ဆိုင်တဲ့ ဆန်၊ ဆီ၊ လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ တင်ဆောင်လာတာ။ အဲ့ဒါ မင်းအိုနဲ့ ကနီကြားမှာ နေရာ ငါးနေရာခွဲပြီး ဖြတ်တိုက်တာပါ။ စစ်‌သင်္ဘောကို လက်နက်ကြီး နှစ်ချက်ထိတယ်။ စစ်သင်္ဘောမောင်းတဲ့ကောင်နဲ့ စက်ကြီးပစ်ခတ်တဲ့ကောင်လည်း စနိုက်ပါထိပြီး အပြင်းထန်ဒဏ်ရာရသွားတယ်။ သေဖို့များတယ်။ နောက်ပြီး အဲ့ဒီစစ်သင်္ဘောပေါ်က ကောင်တွေနဲ့ ကျန်ရေယာဉ်ပေါ်ကကောင်တွေလည်း အထိခိုက်အသေဆုံးများတယ်။ " လို့ ကျောက်လုံးကြီး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ် ၃ စီးကတော့ စစ်သင်္ဘော ၁ စီး၊ တွဲတွန်းဖလပ်သင်္ဘော ၁ စီးနဲ့ ရှပ်ပြေးရေယာဉ် ၁ စီးတို့ဖြစ်ပြီး ‌တိုက်ပွဲဖြစ်အပြီး သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေကို ကနီမြို့မှာ ရေယာဉ်ရပ်နားကာ သယ်ဆောင်သွားကြပါတယ်။

PDF တပ်က ရဲဘော်တယောက်ကတော့ သင်္ဘောကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ MPDF၊ GTF PDF၊ DBTF PDF၊ SRTF PDF၊ Tiger Bann PDF၊ Alpha PDF၊ အမိမြေ PDF၊ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့၊ မြောက်ယမားအဖွဲ့၊ ဒေသခံပကဖအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ရေယာဉ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာတင်ပို့မှုကို ရေကြောင်းကနေ အများဆုံးပြုလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013