အာဆင်နယ်ကစားသမား လီယန်ဒရို ထရော့ဆတ်နဲ့ ဇနီးဖြစ်သူ လော်ရာဟီလ်ဗန်းတို့ဟာ ၁၃ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း လော်ရာက အင်စတာဂရမ်ကတဆင့် အတည်ပြုလိုက်ပါတယ်။
လော်ရာဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထရော့ဆတ်ရဲ့ ဓာတ်ပုံအားလုံးကို ဖျက်သိမ်းခဲ့ပြီး နောက် မိမိတို့လမ်းခွဲခဲ့ကြတာ အတန်ကြာပြီဖြစ်ကြောင်း ထုတ်ဖော်ရေးသားခဲ့တာပါ။
၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့တဲ့ သူတို့စုံတွဲဟာ အပြန်အလှန် လေးစားမှုရှိရှိနဲ့ ချစ်ခင်စွာလမ်းခွဲဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတာလို့ ဆိုပါတယ်။
အာဆင်နယ်နဲ့အတူ ချန်ပီယံဆုအတွက် ကြိုးပမ်းနေတဲ့ ထရော့ဆတ်ဟာ ပြီးခဲ့တဲ့အပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။










