DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ကားမတော်တဆ ထိခိုက်ဖြစ်မှုကြောင့် မြန်မာ ၁ ဦး သေဆုံး
DVB
·
April 10, 2014
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ကားမတော်တဆ ထိခိုက်ဖြစ်မှုကြောင့် မြန်မာ ၁ ဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နခွမ်းဆ၀မ်ခရိုင် ဖဟွန်ယိုးထင်းလမ်းမပေါ်မှာ မြန်မာ ၇ ဦး လိုက်ပါ စီးနင်းလာတဲ့ မှန်လုံကားတစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_54714" align="alignright" width="300"]ဓာတ်ပုံ - manager.co.th ဓာတ်ပုံ - manager.co.th[/caption]နခွမ်ဆ၀မ်ခရိုင် ဖယုဟဆီရီမြို့မရဲစခန်း တာဝန်ကျစခန်းမှူးးက သတင်းထောက်တွေကို ပြောကြားခဲ့တာမှာ ဧပြီ ၈ ရက် မနက် ၅ နာရီခွဲလောက်က ဖယုဟဆီရီဆေးရုံကြီးအနီး လမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းပေးချက်အရ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်ခဲ့ကြောင်း၊ ဆေးရုံနဲ့ မီတာ ၅၀၀ ကွာဝေးတဲ့နေရာမှာ အဖြူရောင် မှန်လုံကား ၁ စီသစ်ပင်နဲ့ ၀င်ဆောင့်ထားတဲ့ ဒဏ်တွေနဲ့ အတူ လူနာတွေ လွင့်စင် ပြန့်ကျဲနေတာ တွေ့ရကြောင်း ၊ ကားရဲ့ အပြင်ဘက်မှာ အသက် ၃၅နဲ့ ၄၀ ကြားအရွယ်ရှိ အမျိုးသမီး သေဆုံးနေပြီး ကားသမား အပါအ၀င် ၇ ဦး ဒဏ်ရာရရှိကြောင်း၊ အားလုံးကို အနီးက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ကားပေါ်ပါလာသူတွေ ၇ ဦးစလုံးဟာ မြန်မာလူမျိုးတွေ ဖြစ်ပြီး ဘန်ကောက်ကနေ မဲဆောက်ကို သွားပြီး အဲဒီကနေတဆင့် မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ဖြစ်ကြောင်း ၊ သူတို့ဟာ ကားကို စင်းလုံးငှားခဲ့တာ ဖြစ်ပြီး ကားသမားက ကားကို အမြန်မောင်းတဲ့အတွက် မီးပွိုင့်လမ်းဆုံအလွန် အရှိန်နဲ့ လမ်းဘေးထိုးကျကာ သစ်ပင်နဲ့ ၀င်ဆောင့်မိခဲ့တယ်လို့ စခန်းမှူး က ပြောပါတယ်။

လောလောဆယ် လ၀ကရဲဘက်က အဲဒီ မြန်မာနိုင်ငံသားတွေကို တရားဝင် အထောက်အထားရှိ၊ မရှိ စစ်ဆေးနေပြီး ကားမောင်းသမားကိုလည်း ယာဉ်စည်းကမ်း ချိုးဖောက်မှုနဲ့ စစ်ဆေးအရေးယူဖို့ ရှိကြောင်း၊ ဒါပေမယ့် ယာဉ်မောင်းသူမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ထွက်ဆိုချက်မပေးနိုင်သေးဘူးလို့ စခန်းမှူးးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013