DVB Logo
Home
Lead Story
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် သတင်းထုတ်ပြန်ကြေညာ
DVB
·
April 10, 2014
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် သတင်းထုတ်ပြန်ကြေညာ
Donate to DVB

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ရုံးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစားတည်းခိုရေးစခန်း အုပ်စု ၁ တွင် မတ် ၁၀ ရက်နေ့တွင် ရုံးထိုင် လုပ်ငန်းများ ဆောင်ရွက်နေကြောင့် ကြေးမုံသတင်းစာ ဖေဘွတ်အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။

544အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားနဲ့ လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းဖို့ ဒုတိယသမ္မတ တဦးက ဦးစီးသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားသည့်ကိစ္စများကို နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင်စုဝန်ကြီး ၁ ဦးက ဦးစီး စီစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြလာသော တိုင်ကြားစာများကို စိစစ် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုများကို ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူများက တိုင်ကြားရာတွင် ခိုင်လုံသောအထောက်အထား၊ အရေးကြီးသော သက်သေခံချက်များ ပါရှိရန် လိုအပ်ပြီး ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ္ဂိုလ်တဦးတယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် တမင်တိုင်တန်းခြင်း ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အခြားသောအသင်း၊ အဖွဲ့အစည်းအရပ်ရပ်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ကြရာ တွင် အဆိုပါ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းတို့ကြောင့် ပြည်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိနေပါက အထောက်အထား အချက်အလက် ပြည့်စုံတိကျမှန်ကန်စွာ ဖြင့် ကော်မရှင်ဥက္ကဋ္ဌထံသို့ လိပ်မူပြီး တိုင်ကြားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊နဲ့ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြလျက် အောက်ပါလိပ်စာအတိုင်း တိုင်ကြားနိုင် ကြောင်း ကြေးမုံသတင်းစာ ဖေ့ဘွတ်အင်တာနက် စာမျက်နှာမှာ ဖော်ပြ ကြေညာထားပါတယ်။

လာဘ်ပေးလာဘ်ယူမှုများကို တပြည်လုံးအတိုင်းအတာဖြင့် ပိုမို ကျယ်ပြန့်ထိရောက်စွာ တိုက်ဖျက် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို သမ္မတက ၂ဝ၁၃ သြဂုတ် ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013