DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီ၊ ပြင်သစ် ခရီးစဉ်စတင်
DVB
·
April 10, 2014
ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီ၊ ပြင်သစ် ခရီးစဉ်စတင်
1 / 5
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ခရီးစတင်လိုက်ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ ယွာခင်မ်ဂေါက်ခ်၊ အဓိပတိ အန်ဂယ်လာ မာကဲလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖှရန့်ခ် ဝေါ်လ်တာ စတိုင်းန်မိုင်းယာ တို့နဲ့ တွေ့ဆုံဖို့ရှိပြီး ဂျာမန်လွှတ်တော် ဘွန်ဒက်စ်တာ့ခ် ကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

ဂျာမန်လွှတ်တော်ဥက္ကဌ ပရော်ဖက်ဆာ ဒေါက်တာ နော်ရ်ဘာ့ထ် လမ်းမန့်ထ်နဲ့ တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတွေအချင်းချင်းကြား နိုင်ငံတကာ နားလည်မှုတွေ မြှင့်တင်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ နိုင်ငံတကာ ၀ီလီဘရန့်ဒ်ထ် ဆုကို လက်ခံရယူဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမန် စီးပွားရေးဝန်ကြီး ဒေါက်တာ မြူးလာနဲ့ အခြား ဂျာမန်ဖောင်ဒေးရှင်းတွေနဲ့လဲ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဂျာမဏီနိုင်ငံက ဖှရေအီးတက္ကသိုလ်မှာ ဂျာမန်က မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး ဂျာမဏီနိုင်ငံရဲ့ သက်မွေးဝမ်းကျောင်း ပညာရေးနဲ့ လေ့ကျင့်သင်တန်းပေးခြင်း Duales System ကိုလည်း သွားရောက်လေ့လာဖို့ ရှိပါတယ်။

ဧပြီလ ၁၄ ရက်မှာတော့ ပြင်သစ်နိုင်ငံ ခရီးစဉ် ဆက်သွားဖို့ရှိပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ သမ္မတ ဖှရန်ဆွောစ် ဟိုလန်ဒေး၊ နိုင်ငံခြားရေးဝန်ကြီး အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ ဥက္ကဌတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ် စစ်တက္ကသိုလ်၊ ပြင်သစ်လွှတ်တော်နဲ့ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်စီကိုလည်း သွားရောက် လေ့လာဦးမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

[gallery ids="54686,54687,54688,54689,54690"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013