DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်းထောက် ထောင်ဒဏ် သတင်းလွတ်လပ်ခွင့်အတွက် နိုင်ငံတကာ သံသယဖြစ်
DVB
·
April 9, 2014
ဒီဗွီဘီ သတင်းထောက် ထောင်ဒဏ် သတင်းလွတ်လပ်ခွင့်အတွက် နိုင်ငံတကာ သံသယဖြစ်
Donate to DVB

မကွေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်တဲ့ တာဟာ ဦးသိန်းစိန် အစိုးရ ပေးထားတဲ့ သတင်းလွတ်လပ်ခွင့်ဟာ နောက်ပြန်ဆွဲနေတာ ဖြစ်တယ်လို့ နိုင်ငံတကာက စာနယ်ဇင်းအဖွဲ့တွေ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

အစိုးရဌာန တခုမှာ သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ပိုင်နက် ကျူးလွန်မှု၊ ၀တ္တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုပြီး ဧပြီလ ၇ ရက်နေ့မှာ မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ် ချမှတ်လိုက်တဲ့အပေါ် နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အခုလို တုံ့ပြန်လိုက်တာပါ။

Zaw Peအမေရိကန် သံရုံးက လူမှုဆက်ဆံရေး သံအရာရှိ အင်ဒရှုး လီဟီက  ဒီဖြစ်ရပ်ဟာ ဗဟိုအစိုးရရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ဒေသခံ သတင်းထောက်တွေကို မှားယွင်းတဲ့ အချက်အလက်ကို ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်သံရုံး ပြောခွင့်ရကတော့   စိုးရိမ် ပူပန်တယ်လို့ ပြောဆိုခဲ့သလို ဒီမိုကရေစီအတွက် သတင်းလွတ်လပ်ခွင့်ဟာ လိုအပ်ပြီး သူတို့ကို အကာအကွယ်ပေးဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

သတင်းထောက်များ အကာအကွယ်ပေးရေး ကော်မတီ(CPJ)က အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်ပင်းကတော့ မြန်မာရဲ့ အလားအလာရှိတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ကြောင်း ပြန်လှည့်နေပြီဆိုတာကို ညွန်ပြနေတယ်လို့ ပြောပါတယ်။

ဒါအပြင် အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို အမြန်ပြန်လွတ်ပေး ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဒေးဗစ် မက်သီဆန် (David Mathieson)က  ကိုဇော်ဖေပြစ်ဒဏ်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ပြုပြင်မရတဲ့ ရှုတ်ချသင့်တဲ့ ဥပမာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက် ၄ ယောက်ဟာလည်း မကွေးတိုင်း ပေါက်မြို့နယ်က ဓာတုလက်နက် စက်ရုံကိစ္စနဲ့ ပတ်သက်ပြီးရေးသားခဲ့တဲ့ အတွက် နိုင်ငံရဲ့ လျို့ဝှက်ချက် ထုတ်ဖော်မှုနဲ့ စွဲဆိုဖမ်းဆီးခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013