DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခအလွန် တနှစ်ကျော်ကြာ မိတ္ထီလာသင်္ကြန် စည်ကားဖို့ပြင်
DVB
·
April 9, 2014
ပဋိပက္ခအလွန် တနှစ်ကျော်ကြာ မိတ္ထီလာသင်္ကြန် စည်ကားဖို့ပြင်
Donate to DVB

ပဋိပက္ခအလွန် တနှစ်ကျော်ကြာ မိတ္ထီလာသင်္ကြန်ကို ဒီနှစ်မှာ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။

၂၀၁၃ ခုနှစ် မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ ပဋိပက္ခကြောင့် မနှစ်က သင်္ကြန်ပွဲ မဆင်နွှဲလိုက်ရတာမို့ ဒီနှစ်သင်္ကြန်ကို တမြို့လုံးအနှံ့ ရေကစားမဏ္ဍပ်တွေထိုးပြီး ကျင်းပဖို့ ပြင်နေကြတာလို့ မိတ္ထီလာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုထိန်လင်းခိုင်က ပြောပါတယ်။

[caption id="attachment_49188" align="alignright" width="300"]မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားစဉ် မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားစဉ်[/caption]

“မိတ္ထီလာ သင်္ကြန် စည်စည်ကားကား ဖြစ်မယ်။ ရပ်ကွက်တိုင်း မဏ္ဍပ်တွေ ဖွင့်ဖို့အတွက် တနေ့ကပဲ အစည်းအဝေးလည်း လုပ်ပြီးသွားပြီ။ ရပ်ကွက်တိုင်း မဏ္ဍပ်ထိုးမယ်။”

မြို့ပေါ် ၁၄ ရပ်ကွက်က ရေကစားမဏ္ဍပ်တွေ အပါအ၀င်  မြို့လယ်မှာ ဗဟိုမဏ္ဍပ်ထိုးပြီး ရေကစားကြဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးကလည်း သင်္ကြန်လုံခြုံရေးအတွက် သေချာလုပ်ထားတယ်လို့ ပြောပါတယ်။

“မိတ္ထီလာ သင်္ကြန်မှာ စတုဒီသာ တွေ ကျွေးမယ်။ ၃ ရက်လုံး ထမင်းကျွေးမယ်။ ရပ်ကွက်တိုင်းမှာလည်း ရေကစားမဏ္ဍပ်တွေ ထွက်တယ်။ ဘာလို့လဲဆိုတော့ မနှစ်က မလုပ်ရတော့ ဒီနှစ်မှာ သူတို့လည်းက လုပ်ချင်တဲ့ ဆန္ဒတွေရှိပြီး တည်ငြိမ်အေးချမ်းလာတော့ ကျနော်တို့လည်း ခွင့်ပြုပေးထားတာပါ။ လုံခြုံရေးအပိုင်းတွေကတော့ ကျနော်တို့လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့မှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး သေသေချာချာတော့ လုပ်ထားပါတယ်။ ”

မိတ္ထီလာမြို့ပေါ်ရှိ နှစ်ဘက် လူ့အဖွဲ့အစည်းရဲ့ အနေအထားဟာ ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီလို့လည်း ပြောပါတယ်။

ဒီနှစ် မိတ္ထီလာသင်္ကြန် စည်စည်ကားကားဖြစ်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ မြို့မိမြို့ဖတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေ  အားလုံး စုပေါင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာအကြမ်းဖက် ပဋိပက္ခအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀၀၀ လောက် အိုးအိမ်မဲ ဖြစ်ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013