DVB Logo
Home
နိုင်ငံရေး
အိုင်အန်ဂျီအိုလ်ရုံးတွေ အကြမ်းဖက်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ
DVB
·
April 9, 2014
အိုင်အန်ဂျီအိုလ်ရုံးတွေ အကြမ်းဖက်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ
Donate to DVB

စစ်တွေမြို့က အိုင်အန်ဂျီအိုလ်ရုံးတွေ အကြမ်းဖက်ခံရမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့သလို စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ကလည်း ဒီကနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ မီဒီယာတွေနဲ့ ခဏတာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_54665" align="alignright" width="300"]ဓာတ်ပုံ - ထွန်းထွန်းသိန်း ဓာတ်ပုံ - ထွန်းထွန်းသိန်း[/caption]စုံစမ်းစစ်ဆေးမှုအရ အမေရိကန်နိုင်ငံသူ မစ္စ အီဘွန်ဒန်တွန်မှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို သဘောရိုးဖြင့်သာ ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ဒီဖြစ်စဉ်နဲ့အတူ ယခင်က ယူအန်အဖွဲ့အစည်းတွေ အပေါ်တိုင်းရင်းသားများရဲ့ အမြင်မကြည်လင်မှုအပေါ် အခြေခံကာ အဖွဲ့တခုကကြားဝင် လှုံ့ဆော်မှုကြောင့် ပဋ္ဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း က ပြောပါတယ်။

မတ်လအတွင်း စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးကို ထိန်းသိမ်းစစ်ဆေးနေပြီး ကြားဝင်လှုံ့ဆော်ခဲ့တဲ့ အဖွဲ့ကိုတော့ သီးခြားစစ်ဆေးရမယ်လို့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုပါတယ်။

ထွန်းထွန်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013