
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ ဆောက်သမ်တန်နဲ့ကစားရမဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မတိုင်မီ ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ဝမ်ဘလေကွင်းရဲ့ မြက်ခင်းအခြေအနေ အပေါ် စိုးရိမ်နေပါတယ်။
စီးတီးဟာ ပွဲကျပ်တွေဆက်တိုက်ကစားထားရလို့ လူပန်းနေသလို အဓိကကွင်းလယ်လူ ရိုဒရီက လည်း ဒဏ်ရာကြောင့် လွဲချော်မှာပါ။
ဂွါဒီယိုလာက အခုနောက်ပိုင်းပွဲစဉ်တွေမှာ လူထုတ်ပုံမပြောင်းလဲခဲ့လို့ ပွဲထွက်ခွင့်မရတဲ့ ကစားသမား တချို့ သူ့အပေါ် မကျေနပ်တာမျိုးရှိတယ်လို့ ဝန်ခံခဲ့ပေမဲ့ ဒဏ်ရာမရအောင် ထိန်းသိမ်းဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
အခုပွဲမှာတော့ ဂိုးသမား ထရက်ဖို့ဒ်နဲ့အတူ ဂျွန်စတုန်းစ်တို့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အသင်းက ရာသီလက်မှတ်ဈေးနှုန်းတွေ မတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း ဂွါဒီယိုလာက ချီးကျူး ခဲ့ပါတယ်။










