DVB Logo
Home
မြန်မာသတင်း
ပထမဆုံး အကြိမ် မော်ဒန်သင်္ကြန်စာ ထုတ်ဝေ
DVB
·
April 9, 2014
ပထမဆုံး အကြိမ် မော်ဒန်သင်္ကြန်စာ ထုတ်ဝေ
Donate to DVB

အရင်နှစ်စဉ်နှစ်တိုင်း ထုတ်နေကျ သင်္ကြန်စာတွေနဲ့ မတူကွဲပြားတဲ့ မော်ဒန်သင်္ကြန်စာကို ပထမဆုံးအကြိမ် အဖြစ် ဖေးဘရိတ်ဂျာနယ်မှာ ထည့်သွင်းပြီး ဖြန့်ချိ လိုက်ပါတယ်။

မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ရေးသားထားတဲ့ စာမျက်နှာ ၄ မျက်နှာ ရှိ ဒီမော်ဒန်သင်္ကြန်စာကို ဖေးဘရိတ်ဂျာနယ်မှာ ထည့်သွင်းပြီး မေတ္တာလက်ဆောင် အဖြစ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

[caption id="attachment_54586" align="alignright" width="300"]မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို[/caption]

ဒီမော်ဒန်သင်္ကြန်စာမှာ အရင် သင်္ကြန်စာအရေးသားတွေနဲ့မတူသလို ခေတ်သစ်နက္ခသိပ္ပံ တွက်ကိန်းတွေနဲ့ ပုံစံသစ်နဲ့ ဖန်တီးထားတာ ဖြစ်သလို အရင်က ထုတ်ဝေနေတဲ့ သင်္ကြန်စာတွေနဲ့ ကွာဟချက်ကို ဦးဇေယျာကိုက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့ အဓိက ကွာခြားချက်ကတော့ ကျနော်တို့ကတော့ သင်္ကြန်စာ ကျမ်းဂန်တွေက အကြောင်းအရာတွေကို လုံးဝဖယ်ထုတ်လိုက်တယ်ပေါ့။ ဘာကြောင့် ဖယ်ထုတ်လိုက်လဲဆိုတော့ ပြည်သူလူထု စိတ်ခြောက်ခြားမယ့်ဟာတွေ တိုင်းပြည်ရဲ့ မကောင်းကျိုးအနိဋ္ဌာရုံ ဟောတဲ့ဟာတွေကို အားလုံးဖယ်ထုတ်ပြီးတော့မှ မြန်မာလ တလချင်းအလိုက် လကွယ်ရဲ့ ဇာတာဂွင်မှာ ရှိနေတဲ့ ဂြိုဟ်ရပ်တည်မှုတွေ နောက် တလအတွင်းမှာ ဖြစ်ပေါ်လာမယ့် ထူးခြားတဲ့ ဂြိုဟ် ရပ်တည်မှုတွေအရ မြန်မာပြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်ဈေးနှုန်း အခြေအနေ နောက် သဘာဝ ဘေးအန္တရာယ် အခြေအနေတွေ ဘယ်လို ဖြစ်မယ်ဆိုတာကို တင်ပြထားတဲ့ မော်ဒန်သင်္ကြန်စာ ဖြစ်ပါတယ်။ ကျနော်တို့ ယူထားတဲ့ အိုင်ဒီယာက လကွယ်ချိန်ကို တွက်ပြီးယူတဲ့ဟာကတော့ မြန်မာရိုးရာ ယဉ်ကျေးမှုမှာတော့ မရှိဘူး။ အနောက်တိုင်း နက္ခတ်ပညာကနေ ယူထားပြီးတော့မှ ဒီစနစ်နဲ့ ပုံစံအသစ် အသွင်သဏ္ဍာန်သစ်နဲ့ ကျနော်တို့ ထောက်ပြဆွေးနွေးတာ ဖြစ်ပါတယ်။”

အရင်နှစ်အစိုးရက မြန်မာ့ စာနယ်ဇင်းလောကကို ဖြေလျော့ခွင့်တွေပေးပြီးတဲ့နောက်မှာတော့ သင်္ကြန်စာ ထုတ်ဝေခွင့်ကတ်ရှိတဲ့သူတွေကလည်း သင်္ကြန်စာတွေကို ထုတ်ဝေခွင့်ရရှိခဲ့ပြီး ပုံနှိပ်ထုတ်ဝေ ခဲ့ရာက သင်္ကြန်စာ ၄၊ ၅ မျိုးလောက်အထိ ဈေးကွက်မှာရောင်းချနေတယ်လို့လည်း သူက ပြောပါတယ်။

မန္တလေးက ပုဏ္ဏားအနွယ်ဝင်တွေ မိသားစု အသိုင်းအ၀န်းတွေက သင်္ကြန်စာကို ထုတ်ဝေခဲ့ကြသလို ၂၀၁၄ မှာတော့ နက္ခတ်သိပ္ပံအနေနဲ့ မော်ဒန်သင်္ကြန်စာဆိုပြီး ထုတ်ဝေလာတာဖြစ်ပါတယ်။

အရင်ကတော့ သင်္ကြန်စာတွေဟာ ယဉ်ကျေးမှု ၀န်ကြီးဌာနက တာဝန်ယူ ထုတ်ဝေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013