DVB Logo
Home
မြန်မာသတင်း
သင်္ကြန်မတိုင်ခင် မူးယစ်ဆေးဖမ်းဆီးမှု ပြုလုပ်
DVB
·
April 9, 2014
သင်္ကြန်မတိုင်ခင် မူးယစ်ဆေးဖမ်းဆီးမှု ပြုလုပ်
Donate to DVB

သင်္ကြန်မတိုင်ခင် အစားသောက်အပြင် မူးယစ်ဆေးဝါး ၀ယ်ယူစုဆောင်းမှုတွေရှိတဲ့အတွက် မူးယစ်ရဲတပ်ဖွဲ့ကနေပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။

မကြာခင်ရက်ပိုင်းမှာ မြန်မာ့ရိုးရာ အတာသင်္ကြန် ကျရောက်လာပါတော့မယ်။ သင်္ကြန် ကာလမှာ ကုန်ဈေးနှုန်းတော်တော်များများ တက်တတ်တာကြောင့် စားသောက်ကုန် ပစ္စည်းတွေ ကြိုတင် ၀ယ်ယူတတ်ကြပြီး တချိုက မူးယစ်ဆေးဝါ၀ယ်ယူစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း မူယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က ရဲမှူး ခင်မောင်သိန်းက ပြောပါတယ်။ ဒါကြောင့် မူးယစ်ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိမူးရေးစုဆောင်းမှုတွေကို ဖမ်းဆီးရေးယူမှုတွေ လုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။

[caption id="attachment_54112" align="alignright" width="300"]၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ်[/caption]

ရဲမှူး ခင်မောင်သိန်းက“များသောအားဖြင့် အလေ့အဓအရ သင်္ကြန်ကာလ မတိုင်ခင်မှာ မူးယစ်ဆေးဝါးတွေကို ကြိုပြီး စုဆောင်းထားတာတွေရှိတယ်။ ၀ယ်တာ ရောင်းတာတွေ ရှိတယ်။ အထူးသဖြင့် စိတ်ကြွဆေးဝါးပေါ့။ စိတ်ကြွဆေးဝါးနဲ့ ပတ်သက်လို့ ပျော်ရွှင်ဖို့အတွက် သုံးစွဲနိုင်တဲ့ အနေအထားတွေ ရှိတယ်။ အဲဒါတွေကို အင်အားစုဖွဲ့ပြီး ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ သတင်းရယူပြီး ဆောင်ရွက်နေတာတွေ ရှိတယ်။ ဘယ်လိုလုပ်မယ်ဆိုတာ အတိအကျ ပြောလို့ မရဘူး။ ကျနော်တို့ လုပ်ငန်းက လျှို့ဝှက်မှ ရတယ်”လို့ ပြောပါတယ်။

သင်္ကြန်မတိုင်ခင် ဒီလိုဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေသလို သင်္ကြန်ကာလအတွင်းမှာ လည်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့နှစ်သင်္ကြန်ကာလအတွင်းမှာ ရန်ကုန်တိုင်းအတွင်းမှာ မှူခင်းပေါင်း ၁၇၀ နီးပါးဖြစ်ပွား ခဲ့တဲ့အတွက် ဒီနှစ် သင်္ကြန်မတိုင်ခင်မှာ မှုခင်းတွေဖြစ်အောင် ကြိုတင်ဖမ်းဆီးမှုတွေ လုပ်ဆောင် နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရဲမှူးမြင့်ထွေး က ပြောပါ တယ်။

“ကျနော်တို့ မနှစ်ကဆိုရင် သင်္ကြန်မှာ အမှုပေါင်း ၁၆၉ မှု ဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးတာရော ခိုက်ရန်ဖြစ်ပွား တာပေါ့နော်။ အဓိကတော့ မနှစ်က ခိုက်ရန်ဖြစ်ပွားတာ ၁၅ မှု၊ လူသတ်မှု ၂ မှု၊ ယာဉ်တိုက်မှု ၃ မှု၊ ခါးပိုက်နှိုက်တွေကို ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးတာ ၄၁ မှု၊ ယစ်မျိုး အရက်ပုန်းတွေ ဖမ်းဆီးတာ ၉၁ ခု၊ နောက် လက်နက်ပုန်းဖမ်းဆီးတာ ၆ မှု အားလုံး ၁၆၉ မှု ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၄ သင်္ကြန်အတွက်ကို အခုကတည်းက ကျနော်တို့ အရက်ပုန်းဖမ်းတာတို့ လက်နက်ပုန်းဖမ်း တာတို့ ခါးပိုက်နှိုက်ကျော်ဇော ရှိတဲ့သူတွေကို ကြိုတင်ဖမ်းဆီးတာတို့ အခုကတည်းက စတင်ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် ဒီနှစ်သင်္ကြန်ကာလမှာ ရန်ကုန်တိုင်း ခရိုင် ၄ ခုအတွင်း သင်္ကြန်မဏ္ဍတွေနဲ့ အပန်းဖြေ ဥယျာဉ်တွေမှာ လုံခြုံရေးအင်အား ၃၀၀၀ နီးပါးချထားမှာဖြစ်တယ်လို့လည်း ရဲမှူးဖြင့်ထွေးက ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့က X2O ရေကစားမဏ္ဍပ်တစ်ခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီနှစ်သင်္ကြန်ကာလမှာ  ရေကစားမဏ္ဍပ်တွေကို အထူးမိုင်းရှင်း အဖွဲ့နဲ့တစ်နေ့  ၃ ကြိမ်စစ် ဆေးပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီးမြင့်အေးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013