DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့တွင် ရွှေတူးဖော်မှုမလုပ်ရန် သံဃာတော်များဦးဆောင်ပြီး ဆန္ဒဖော်ထုတ်
DVB
·
August 2, 2022
ရွှေကူမြို့တွင် ရွှေတူးဖော်မှုမလုပ်ရန် သံဃာတော်များဦးဆောင်ပြီး ဆန္ဒဖော်ထုတ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ဒေသခံတွေ အထွတ်အမြတ်ထားရှိရာ သမိုင်းဝင်ကျွန်းတော်အနီး ဧရာဝတီမြစ်တွင်း ရွှေတူးဖော်တာတွေ အဆမတန် ပြုလုပ်နေတာ ရပ်တန့်ဖို့ သံဃာတော်တွေဦးဆောင်ပြီး ဒေသခံ ၃၀၀ လောက် သြဂုတ် ၁ ရက် နေ့လယ် ၂ နာရီကျော်လောက်က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ရွှေတူးဖော်နေတဲ့ မော်တော်တွေအနီးကို စက်တပ်မော်တော် ၆ စီးလောက်နဲ့ သွားရောက်ပြီး ဗုဒ္ဓဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး၊ သာသနာ့နယ်မြေ မပျောက်ပျက်ရေး၊ ရှေးဟောင်းသမိုင်းအမွေအနှစ်များ မပျောက်ပျက်ရေး၊ ရွှေတူးဖော်မှုများရပ် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာပါဝင်သူတဦးက “လွန်ခဲ့တဲ့ လပိုင်းကလည်း သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေ၊ မြို့ခံတွေ စုပေါင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး မေတ္တာရပ်ခံ သတိပေးစာနဲ့ တားမြစ်ခဲ့ပေမဲ့ ခဏပဲ လုပ်ငန်းရပ်ခဲ့ပြီးတော့ မကြာဘူး ပြန်လုပ်နေကြတာ၊ ရဲရဲတင်းတင်းပဲ၊ ပိုတောင်များလာတယ် ရွှေမော်တော်တွေ။ ရွှေမော်တော်တွေ ထောင်ဂဏန်းလောက်ရှိတယ်။ ကျွန်းတော်တ၀ိုက်၊ သင်္ဘောအင်း၊ ပန်းတင်ရွာတလျှောက်လုပ်ကွက်တွေ ဖော်ပြီး လုပ်နေကြတာ၊ တချို့ကမ်းနားဘက်တွေမှာလည်း ဖြိုပြီးလုပ်နေကြတော့ တော်တော်လေးဆိုးရွားပါတယ်။ နေ့ညမပျက်ဘူး၊ သတိပေးမှု ခဏခဏလုပ်နေပေမယ့် မရပ်သွားကြဘူး” လို့ ပြောပါတယ်။

အဆိုပါရွှေလုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် စက်အကြီး အသေး၊ နေရာကို မူတည်ပြီး စစ်ကောင်စီနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေဆီ အခွန်ငွေ ပေးသွင်းကြရတယ်လို့ ဆိုပါတယ်။

ရွှေလုပ်ငန်းတွေလုပ်ကိုင်မှုကြောင့် ကျွန်းတော်ထိပ်မှာ ကမ်းပါးပြိုကျတာ၊ ရေကြောင်းပြောင်းလဲလာပြီး ဒေသအမွေအနှစ်တခု တဖြည်းဖြည်းချင်း ပျက်စီးပျောက်ကွယ်သွားနိုင်တာကြောင့် အလွန်စိုးရိမ်ပါတယ်လို့ ဆန္ဒပြ သံဃာတော်တပါေက မိန့်ပါတယ်။

ဆန္ဒထုတ်ဖော်နေကြတဲ့ သံဃာတော်တွေနဲ့လူတွေကို တခြားဒေသက လာလုပ်နေ တဲ့ ရွှေလုပ်ငန်းရှင်တချို့က ဆဲဆိုအပြစ်တင်တာတွေ ပြုလုပ်ခဲ့တယ်လို့ အမည်မဖော်လိုသူရွှေလုပ်သားတဦးက ပြောပါတယ်။

အဆိုပါကျွန်းတော်ဟာ ရွှေကူမြို့ရဲ့တဖက်ကမ်းမှာ တည်ရှိပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဒေသတခုဖြစ်ကာ သမိုင်းဝင် မြန်မာမင်းအဆက်ဆက် ပြုပြင်ခဲ့ကြတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအထောက်အထားတွေနဲ့ အထိမ်းအမှတ်စေတီတော် အများအပြား တည်ရှိနေပြီး လူဦးရေ ၃၀၀ ကျော်လောက် နေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013