DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြေသိမ်းမှု မဖြေရှင်းပေးလျှင် သပိတ်စခန်းထိုင်မည်ဟုဆို
DVB
·
April 9, 2014
ထားဝယ်မြေသိမ်းမှု မဖြေရှင်းပေးလျှင် သပိတ်စခန်းထိုင်မည်ဟုဆို
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့က အသိမ်းခံထားရတဲ့ မြေယာပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့ ဘိုးဘွားပိုင်မြေတွေ သိမ်းခံရသူတွေက တောင်းဆိုလိုက်ကြပြီး မလိုက်လျောရင် သပိတ်စခန်းလှစ် ဆန္ဒပြတောင်းဆိုမယ်လို့ အုပ်ချုပ်ရေးပိုင်းကို သတိပေးလိုက်ပါတယ်။

ထားဝယ်မြို့ ဆန်ချိရပ်ကွက်က ရွာသားတွေဟာ ဘိုးဘွားပိုင်မြေတွေပေါ်မှာ လုပ်ကိုင် စားသောက်လာကြတာ နှစ်ကာလကြာရှည်ပြီလို့ ရွာသားတွေက ပြောပါတယ်။

[caption id="attachment_54645" align="alignright" width="300"]ထားဝယ်ခရိုင်လယ်သမားများရဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၆ ရက်နေ့က ထားဝယ်မြို့ ဆိပ်ကမ်းသာ ၂ ခန်းမတွင် ပြုလုပ်ခဲ့ရာ လယ်သမားများနှင့် စာနယ်ဇင်းသမား ၇၀ ကျော်တက်ရောက်ခဲ့သည်။ ဓာတ်ပုံ Kyaw Htwe ထားဝယ်ခရိုင်လယ်သမားများရဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၆ ရက်နေ့က ထားဝယ်မြို့ ဆိပ်ကမ်းသာ ၂ ခန်းမတွင် ပြုလုပ်ခဲ့ရာ လယ်သမားများနှင့် စာနယ်ဇင်းသမား ၇၀ ကျော်တက်ရောက်ခဲ့သည်။ ဓာတ်ပုံ Kyaw Htwe[/caption]

မနှစ်က လယ်ယာမြေ မှတ်ပုံတင်သွားလုပ်မှ ဒီမြေတွေကို ၁၉၉၀ ခုနှစ်ကတည်းက အစိုးရပိုင် သိမ်းထားပြီးသား ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မှတ်ပုံတင်ခွင့်မရတော့မှ သိမ်းခံရမှန်း သိရတာလို့ ဆိုပါတယ်။

ရွာသား ၆၀ ကျော် ပိုင်ဆိုင်တဲ့ မြေဧကပေါင်း ၃၀၀ ကျော် သိမ်းခံရပြီး ဧက ၁၀၀ ကျော်မှာ ကုမ္ပဏီ၊ ၀န်ထမ်းအိမ်ရာ၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးတိုင်းရုံးတွေ ဆောက်လုပ်ထားကြောင်း၊ ခု ကျန်ရှိနေသေးတဲ့ မြေပေါ်မှာလည်း လမ်းဖောက်လုပ်ရေးနဲ့ မြေယာအကွက်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စနေနေ့က သူတို့ လယ်ယာမြေပေါ် စီမံကိန်းက မြေလာတူးတဲ့အခါမှာ ရွာသား ၂၀ ကျော်က ၀င်ရောက် တားဆီးတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တွေက အရေးယူခံရမယ်လို့ လာခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။

သိမ်းဆည်းခံမြေတွေအတွက် သင့်တင်တဲ့ လျော်ကြေး ဒါမှမဟုတ် အစားထိုးမြေယာတွေ ပြန်ရဖို့ အဆင့်ဆင့် တိုင်ကြားထားပေမယ့် တစုံတရာ ပြန်ကြားချက်မရတဲ့အတွက် တောင်းဆိုမှု ပုံစံ တိုးမြှင့်သွားမယ်လို့ မြေသိမ်းခံရသူ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဒီမြေယာကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်က ဆန္ဒ ၂ ကြိမ် ပြခဲ့သလို အဆင့်ဆင့် စာတင်ထားပေမယ့် သက်ဆိုင်ရာက ဘာမှ အရေးယူ ကိုင်တွယ်မှု မရှိတာဟာ အဲဒီမြေသိမ်းတဲ့အဖွဲ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ် ၂ ဦးနဲ့ မြေစာရင်းရုံးက အာဏာပိုင်တွေပါ ပါဝင်ပတ်သက်နေလို့ ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက သုံးသပ် ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်မြေစာရင်းရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013