DVB Logo
Home
Lead Story
နိုင်ငံခြားအမှတ်တံဆိပ် ကုန်ပစ္စည်းတွေ ၃ နှစ်အတွင်း ကြော်ငြာခ ၃ ဆ ပိုသုံး
DVB
·
April 9, 2014
နိုင်ငံခြားအမှတ်တံဆိပ် ကုန်ပစ္စည်းတွေ ၃ နှစ်အတွင်း ကြော်ငြာခ ၃ ဆ ပိုသုံး
Donate to DVB

မြန်မာနိုင်ငံတွင်းက နိုင်ငံခြားအမှတ်တံဆိပ် စီးပွားရေးလုပ်ငန်းတွေဟာ ၂၀၁၀ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၃ နှစ်အတွင်း ကြော်ငြာအသုံးစရိတ် ၃ ဆ နီးပါး တိုးမြှင့်သုံးစွဲခဲ့ကြတယ်လို့ Nielsen MMRD ဈေးကွက်သုတေသနကုမ္ပဏီက ပြုစုတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

nielsenand MMRDနိုင်ငံခြား အမှတ်တံဆိပ်နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်း အပါအ၀င် ရုပ်သံတွေမှာ ဒေါ်လာ ၂၆ သန်းဖိုး ကြော်ငြာခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာတော့ ဒေါ်လာ ၈၈ သန်းဖိုးနီးပါး သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ကြော်ငြာအတွက် ငွေကြေး အသုံးအများဆုံး ကုန်ပစ္စည်းတွေကတော့ သွားတိုက်ဆေး၊ ကော်ဖီမစ်၊ ခေါင်းလျော်ရည်၊ အလှအပ ပစ္စည်း၊ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေလို့ ဖော်ပြ ထားပါတယ်။

Nielsen MMRD ဟာ အမေရိကန် အခြေစိုက် Nielsen Holding ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ အခြေစိုက် MMRD ကုမ္ပဏီတို့ ပူးပေါင်းထားတဲ့ ဈေးကွက်သုတေသနကုမ္ပဏီတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013