DVB Logo
Home
နိုင်ငံရေး
စစ်တွေပဋိပက္ခအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်
DVB
·
April 9, 2014
စစ်တွေပဋိပက္ခအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ် ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုလ်အဖွဲ့အစည်းတွေ အကြမ်းဖက်ခံရတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေး အိုင်အန်ဂျီအိုလ်ဖြစ်တဲ့ Malteser International အဖွဲ့မှ နိုင်ငံခြားသူ မစ္စ အီဘွန်ဒန်တွန်မှာ အိမ်ရှင်က သန်းခေါင်စာရင်း ကောက်ယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ လွှင့်ထူထားသော သာသနာအလံကို သဘောရိုးဖြင့် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

[caption id="attachment_53970" align="alignright" width="300"]မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung) မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung)[/caption]မစ္စ အီဘွန် ဒန်တွန် မှာ မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူ ဖြစ်ပြီး သူကိုယ်တိုင် လွန်ခဲ့တဲ့အနှစ် ၂၀ ခန့်မှစကာ ဗုဒ္ဓဘာသာတရားတော်ကို ယုံကြည်လေ့လာ ဆည်းပူးခဲ့သူ ဖြစ်ပြီး သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်လိုစိတ် မရှိကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများကို ဒေသခံတိုင်းရင်းသားအချို့က သံသယ၀င်ကာ ယုံကြည်မှု နည်းနေတဲ့အချိန်မှာ နိုင်ငံခြားသူက သဘောရိုးနဲ့ သာသနာအလံ ဖြုတ်သိမ်းခဲ့တာကြောင့် စစ်တွေမြို့မှာ ကောလဟလ ဖြစ်ပေါ်ကာ မတ်၂၆ နဲ့ ၂၇ ရက်နေ့က ဒေသခံတိုင်းရင်းသားအချို့ အကြမ်းဖက် ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုလ်အဖွဲ့ ၁၈ ဖွဲ့တို့ရဲ့ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ ရုံ၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီး၊ ရုံးသုံးပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်ငွေ သန်း ၄၃၀ ခန့်နဲ့ အမေရိကန်ဒေါ်လာ ၄ သိန်း ၃ သောင်းခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး အဆိုပါ ရုံးများ ပြန်လည် ဖွင့်လှစ်နိုင်ရန်နဲ့ လုံခြုံရေးကိစ္စများ ဆောင်ရွက်သွားမယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013