DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်ခွဲဝေမှုပုံစံ စနစ်ပြောင်းလဲမည်
DVB
·
April 8, 2014
ဘတ်ဂျက်ခွဲဝေမှုပုံစံ စနစ်ပြောင်းလဲမည်
Donate to DVB

အစိုးရက ဌာနဆိုင်ရာတွေအတွက် ဘတ်ဂျက်ခွဲဝေမှုပုံစံစနစ်ကို ပိုမိုကောင်းမွန်စေဖို့အတွက် အထက်ကနေချပေးတဲ့ Top-Down စနစ်ပုံစံ ပြောင်းလဲသွားဖို့ရှိတဲ့အကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနက အဆင့်မြင့်အရာရှိ တဦးက ပြောပါတယ်။

အစိုးရရဲ့ ဘတ်ဂျက်ခွဲဝေမှုလက်ရှိပုံစံက သက်ဆိုင်ရာဌာနတွေအနေနဲ့ အသုံးစားရိတ်တွေကို ဘယ်လောက်လိုပါတယ်ဆိုတဲ့ အောက်ခြေကနေ အထက်ကို တင်ပြတဲ့ Buttom-Up စနစ်ပုံစံ ကျင့်သုံးနေတာပါ။

tax-pဌာနဆိုင်ရာတွေအနေနဲ့ လိုအပ်တဲ့နေရာတွေမှာ ဘတ်ဂျက်ကို ထိထိမိမိ အသုံးပြုနိုင်ဖို့အတွက် ဘတ်ဂျက်ခွဲဝေမှုပုံစံကို ဘယ်ဌာနကတော့ ဘယ်လောက်သုံးရမယ်ဆိုပြီး Frame ချပေးတဲ့ Top-Down စနစ်ပုံစံကို လာမယ့်ဘဏ္ဍာနှစ်တွေမှာ ပြောင်းလဲဖှို့ ဘဏ္ဍာရေးဝန်ကြီးဌာန ကပြင်ဆင်နေပါတယ်။

ဒီစနစ်ကို ပြောင်းလဲဖို့အတွက် ကမ္ဘာ့ဘဏ်ရဲ့အကူအညီကို ယူပြီး လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဌာနက အဆင့်မြင့်အရာရှိ တဦးက အခုလို ပြောပါတယ်။
“Top-Down ဆိုတဲ့ သဘောကတော့ ဥပမာ ဆိုပါတော့ ဘယ်လောက်တော့ ရနိုင်တယ် ဆိုပြီးတော့ ဒီကချပေးလိုက်တဲ့အပေါ်မှာ မူတည်ပြီး ဘယ်စီမံကိန်းလုပ်မယ်ဆိုတာ ပြန်ခွဲပြီး သုံးပေါ့။ အဲဒီလိုမျိုး သူ့ဘာသာသူ ပြန်ဆွဲပေါ့။ အဲဒီလိုမျိုး ဆွဲကြရမှာလေ။ အခုက စမ်းသပ်တုန်းရှိသေးတယ်။ စမ်းသပ်တုန်းဆိုတာ ကိုယ်တို့က မစမ်းသပ်ရသေးပါဘူး။ လုပ် မလုပ်ကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ လေ့လာတုန်း ရှိသေးတယ်။ ဘယ်နေ့ ဖြစ်မလဲဆိုတာတော့ ကိုယ်တို့လည်း ကြိုးစားတုန်း ရှိသေးတယ်။”

ဘဏ္ဍာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးဟန်ထွန်း ကတော့ အစိုးရက ချပေးတဲ့ ဘတ်ဂျက်ခွဲဝေမှုပုံစံက အောက်ခြေ အဖွဲ့အစည်းတွေ အတွက် လိုအပ်ချက်တွေ ရှိတယ်လို့ အခုလို ပြောပါတယ်။

“အပေါ်က ချပေးတာထက် အောက်က လိုအပ်ချက်တွေက ကွက်တိ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေ ကျနော်တို့က အမိန့်နာခံမှု စနစ်နဲ့ သွားခဲ့တဲ့ အစဉ်အလာက ကြီးတာကိုးဗျ။ အပေါ်က ချပေးတဲ့ အတိုင်းပဲ အောက်မှာ အကောင်အထည်ဖော်ရတာတွေ ရှိတာပေါ့။ တခါတလေမှာ အောက်ခြေရဲ့ လိုအပ်ချက်ကို အထက်ကို တင်ပြပြီးတော့မှ ခွင့်ပြုချက် ပြန်တောင်းပြီးတော့မှ ပြင်ဆင်ရတာတွေ လည်း ရှိတာပေါ့။ ဒါကတော့ ဌာနဆိုင်ရာတွေအနေနဲ့ကတော့ ဘတ်ဂျက်နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ စောဒက တက်တာ ပြောစရာ ဆိုစရာရှိတာ သိပ်မရှိပါဘူး။ မပြောရဲတာလည်း ပါတာပေါ့လေ။”

ပြည်တွင်းက စီးပွားရေးပညာရှင်တွေကတော့ ဘတ်ဂျတ်ခွဲဝေမှုကို ဘယ်လိုပုံစံနဲ့ ကျင့်သုံးသည် ဖြစ်စေ ဘတ်ဂျက်ကိုခွဲဝေတဲ့ နေရာမှာ စီမံခန့်ခွဲမှုက မှန်ကန်ဖို့ အဓိကကျတယ်လို့ ပြောကြပါ တယ်။

ဘတ်ဂျတ်ခွဲဝေမှု စနစ်သစ်ကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မယ် မသိရသေးပေ မယ့် ဧပြီလ ၇ ရက်ထုတ် မြ၀တီသတင်းစာမှာတော့ လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်က စတင်ပြီး ဘတ်ဂျက်စနစ်သစ် ပြောင်းလဲကျင့်သုံးမှာ ဖြစ်တယ်လို့ ရသုံးမှန်းခြေ ငွေစာရင်းဌာန တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013