DVB Logo
Home
မြန်မာသတင်း
ရခိုင်အခြေအနေ ကုလ အထူးကိုယ်စားလှယ် သတိပေး
DVB
·
April 8, 2014
ရခိုင်အခြေအနေ ကုလ အထူးကိုယ်စားလှယ် သတိပေး
Donate to DVB

ရခိုင်ပြည်နယ်က ပိုမိုဆိုးဝါးလာတဲ့ လူ့အခွင့်အရေး အခြေအနေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားက ဧပြီလ ၇ ရက်မှာ ထပ်မံသတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေက ရိုဟင်ဂျာ အသိုင်းအ၀န်းအပေါ်ကို ခွဲခြား ဆက်ဆံမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုဖြစ်ပြီး လူဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုအထိ ဖြစ်ပွားလာနိုင်တယ်လို့ ကင်တားနားက ပြောလိုက်တာ ဖြစ်ပါတယ်။

quintanaစစ်တွေမှာ အကူအညီပေးရေး အဖွဲ့တွေကို လူအုပ်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အကူအညီပေးတဲ့ အလုပ်သမားတွေ ထွက်ခွာသွားတာဟာ အခြေခံ လူ့အခွင့်အရေး ရရှိဖို့နဲ့ ဘ၀ အခွင့်အရေးတွေ အတွက် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

တပတ်အတွင်း ပေါက်တောမြို့နယ်က ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ရေရရှိမှုကလည်း စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်လို့ ဒုက္ခသည်စခန်းတွေထဲက လူ ၁ သိန်း ၄ သောင်းအတွက်  အထူးကို ဆိုးရွားနေသလို ဒုက္ခသည် စခန်းတွေရဲ့ အပြင်ဘက်က လူ ၇ သိန်း အခြေအနေ ကလည်း အလေးထားပူပန်စရာဖြစ်တယ်လို့ ဆိုပါတယ်။

၆ နှစ်နီးပါး မြန်မာနိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံရဲ့ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကင်တားနားဟာ ဖေဖော်ဝါရီလက မြန်မာပြည်ကို သွားရောက်ခဲ့ပြီး မတ်လမှာတော့ သူရဲ့ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းခဲ့ပါတယ်။

ရရှိတဲ့အချက်အလက်တွေနဲ့ စွပ်စွဲချက်တွေပေါ်မှာ အခြေခံစဉ်းစား ကြည့်ရာမှာတော့ ရခိုင်ပြည်နယ်မှာ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်ကောင်း ကျူးလွန်ပြီး ဖြစ်တဲ့အကြောင်း ကင်တားနားက တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။

အစိုးရက မကြာသေးခင်က ကတိပြုခဲ့တဲ့  ကုလသမဂနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းက ၀န်ထမ်းတွေရဲ့ လုံခြုံမှုနဲ့ အကာအကွယ်ပေးမယ်ဆိုတဲ့အပေါ်  ထောက်ပြပြီး သေချာ လုပ်ဆောင် ပေးဖို့နဲ့ ဒီလူမှုရေး အထောက်အကူပေးတဲ့လူတွေ လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကလည်း အရေးပါတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ကင်တားနားက သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလို့ ကိုင်တိုင်ထုတ်ဖော် ပြောဆိုခွင့်ကို ဆန့်ကျင်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ ရိုဟင်ဂျာလို့ ထုတ်ဖော်ပြောဆိုတဲ့ သူတွေကို မှတ်တမ်းတင်ရင် သန်းခေါင်းစာရင်းကောက်ယူမှုကို သပိတ်မှောက်မယ်လို့ ရခိုင် တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အစိုးရက ရိုဟင်ဂျာလို့ပြောသူကို သန်းခေါင်စာရင်း မကောက်ဖို့ ထုတ်ဆင့်ညွှန်ကြားခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ ရခိုင်ပြည်နယ် တခုမှာသာမဟုတ်ဘဲ  ကချင်ပြည်နယ်မှာလည်း ထိခိုက်ခံ လူအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခြင်း မရှိဘဲ လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013