DVB Logo
Home
မြန်မာသတင်း
ဟားခါး-ထန်တလန်လမ်းပိုင်းနှင့် အင်းတော်-ဗန်းမောက်ကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထား
DVB
·
July 30, 2022
ဟားခါး-ထန်တလန်လမ်းပိုင်းနှင့်  အင်းတော်-ဗန်းမောက်ကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထား
Donate to DVB

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်လမ်းပိုင်းကို   ဇူလိုင် ၃၀ ရက်ကစပြီး ပြည်သူတွေ ခရီးသွားလာတာ လုံး၀ မပြုလုပ်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အရေးပေါ် သတိ‌ပေးချက်ထုတ်ပြန်ထားပါတယ်။

ဒေသခံတစ်ဦးက “စစ်ကောင်စီတွေက အင်အားဖြည့်နိုင်အောင် တံတားပြင်ဖို့ လုပ်နေကြတာပါ။ အခု စစ်ရေးတင်းမာနေလို့ အဲဒီဘက်ကို ပြည်သူတွေ မသွားလာကြဖို့ သတိပေးထုတ်ပြန်ထားတာ ပါ ”လို့ ပြောပါတယ်။

လက်ရှိအ‌ခြေအနေမှာ စစ်ရေးတင်းမာနေလို့ ထုတ်ပြန်တာဖြစ်ပြီး အဆိုပါဒေသမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၂၇ ရက်ကစပြီး ဟားခါးနဲ့ ထန်တလန်ကြားရှိ သီးမြစ်ချောင်းတဘက်မှာ စစ်ကောင်စီတပ်ဖွဲ့‌တွေ အင်အားဖြည့်နေပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ The Chin Journal က ရေးသားဖော်ပြထားပါတယ်။

အလားတူ အင်းတော်-ဗန်းမောက်ကားလမ်းကို တိုက်ပွဲဖြစ်ပွားနေတာကြောင့်  ဇူလိုင် ၃၀ ရက် တစ်ရက် ဖြတ်သန်းသွားလာခြင်းမပြုဖို့   Indaw Revolution-IRက ဒီနေ့မနက်မှာ အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။

ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးယာဥ်တွေ လုံးဝ  ဖြတ်သန်းသွားလာခြင်းမပြုဖို့ ထုတ်ပြန်လိုက်တာပါ။

Indaw Revolution-IRက သတင်းပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်နေလို့ပါ။ ပွဲက မပြီးသေးပါဘူး။   စစ် (--) တွေက အရပ်သားကားတွေကို ကာဗာ လုပ်ပြီးသွားရင် လုပ်ရကိုင်ရတာ ကြပ်မှာစိုးလို့ပါ”လို့  ပြောပါတယ်။

စည်းကမ်းမလိုက်နာဘဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက မိမိတို့အဖွဲ့မှ တာဝန်မယူဘူးလို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းအသုံးပြုုလို့ရတဲ့ ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ ဒါမှမဟုတ် သင့်ရာနည်းနဲ့ အချင်းချင်းဆက်သွယ်ပြီး သတိပေး ပေးကြပါလို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013