DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်ဖို့ နှစ်ဘက်ပူးတွဲရေးဆွဲသည့် သဘောတူညီချက် မူကြမ်း ရရှိ
DVB
·
April 8, 2014
တနိုင်ငံလုံးအပစ်ရပ်ဖို့ နှစ်ဘက်ပူးတွဲရေးဆွဲသည့် သဘောတူညီချက် မူကြမ်း ရရှိ
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမမူကြမ်း ရရှိကြောင်း ဧပြီ ၈ ရက် ဒီနေ့မှာ ပူးတွဲ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)မှ ကိုယ်စားလှယ်တွေဟာ ဧပြီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) မှာ ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

NCCT and MPC 05042014ပြီးခဲ့တဲ့ မတ်လဆန်းက အတည်ပြုခဲ့ကြတဲ့ နိဒါန်းနဲ့ အခန်း ၇ ခန်းကို အသေးစိပ် အချိန်ယူ ဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်းနဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ လာမယ့် မေလ ပထမအပတ် အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။

ဒီသဘောတူညီချက်ကြောင့် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲ တွေ အဆုံးသတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဆီကို တက်လှမ်းနိုင်ဖို့အတွက် ခြေလှမ်းတလှမ်း တိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ သီးခြားဖိတ်ကြားထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးအဖွဲ့ (မိုင်းလားအဖွဲ့)၊ ရှမ်းပြည် ပြန်လည်ထူထာင်ရေးကောင်စီ (ရှမ်းပြည်တပ်မတော်၊ တောင်ပိုင်း)နဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်စတဲ့ လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး သူတို့ရဲ့ သဘောထားတွေ ဆွေးနွေးခဲ့ကြပါတယ်။

တနိုင်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေအကြား လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို လာမယ့် သြဂုတ် ၁ ရက်နေ့ မတိုင်ခင်မှာ ဆောင်ရွက်ဖို့ လိုလားကြောင်း တပ်မတော်ဘက်က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား မနောကွင်း မဂျွယ်ခန်းမမှာ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်စတင်ဖို့ သမိုင်းဝင်သဘောတူညီချက် ရရှိခဲ့ပါတယ်။

န၀တ၊ နအဖ စစ်အစိုးရလက်ထက်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး လက်ရှိ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား တဖွဲ့ချင်းနဲ့ အပစ်အခတ်ရပ် လက်မှတ်ထိုးခဲ့ပါတယ်။

ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်၊ ရခိုင်တပ်မတော်နဲ့ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် စတဲ့ အဖွဲ့တွေကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013