DVB Logo
Home
Lead Story
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှု ၁ သန်း တိုးလာ
DVB
·
April 8, 2014
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှု ၁ သန်း တိုးလာ
Donate to DVB

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်မှု အရည်အတွက် ၁ သန်းလောက် တိုးလာပြီး ဒီလုပ်ငန်းကရတဲ့ ၀င်ငွေဟာလည်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးတိုးလာတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

tourist guideကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၂၀၁၂ ခုနှစ်မှာ ၁၀၅၈၉၉၅ ဦးရှိရာမှ ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း ၂၀၄၄၃၀၇ ဦး ဝင်ရောက်ခဲ့တဲ့အတွက် ၁ သန်းခန့် ပိုမို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ခရီးသည် ဝင်ရောက်မှု တိုးလာတာနဲ့အမျှ ဝင်ငွေ ရရှိမှုဟာလည်း ၂၀၁၂ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ ၅၃၄ သန်းရှိရာက ၂၀၁၃ ခုနှစ်မှာ ၉၂၆ သန်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟိုတယ်နဲ့ တည်းခိုရိပ်သာလုပ်ငန်းတွေလည်း ၂၀၁၂ ခုနှစ်မှာ ၇၈၇ လုံးရှိရာမှ ၂၀၁၃ ခုနှစ်မှာ ၉၂၃ လုံးထိ တိုးတက်လာတယ်လို့ဆိုပါတယ်။

ဒီဟိုတယ်တွေထဲမှာ ကြယ်အဆင့် သတ်မှတ်ချက်အရ ကြယ် ၅ ပွင့် ဟိုတယ် ၆ လုံး၊ ကြယ် ၄ ပွင့် ဟိုတယ် ၁၇ လုံး၊ ကြယ် ၃ ပွင့် ဟိုတယ် ၈၃ လုံး၊ ကြယ် ၂ ပွင့် ဟိုတယ် ၁၁၆ လုံးနဲ့ ကျန်တာတွေကတော့ ကြယ် ပွင့် ဟိုတယ် နဲ့ အဆင့်နိမ့်ဟိုတယ်တွေက အများစု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013