DVB Logo
Home
Lead Story
အိန္ဒိယဘဏ် ကိုယ်စားလှယ်ရုံးဖွင့်
DVB
·
April 8, 2014
အိန္ဒိယဘဏ် ကိုယ်စားလှယ်ရုံးဖွင့်
Donate to DVB

အိန္ဒိယနိုင်ငံက နာမည်ကြီး အိန္ဒိယဘဏ် (Bank of India)ကို မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ခွင့်ပြုလိုက်ပြီလို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

Bank-Of-India_0အိန္ဒိယဘဏ်ဟာ အိန္ဒိယပြည်တွင်းမှာသာမက နိုင်ငံတကာမြို့ကြီးတွေမှာ ဘဏ်ခွဲ စုစုပေါင်း ၄၅၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲ ဖွင့်လှစ် လုပ်ကိုင်ခွင့် မပြုသေးတဲ့အတွက် ကိုယ်စားလှယ်ရုံးအဖြစ်ပဲ ဖွင့်လှစ်သွားဦးမှာ ဖြစ်ပြီး ခွင့်ပြုချက်ရတာနဲ့ ဘဏ်ခွဲဖွင့်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြားဘဏ်တွေကို မြန်မြန်ဆန်ဆန် ဖွင့်ခွင့်ပေးဖို့ ပြင်ဆင်နေပေမယ့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော်ဘဏ်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဥိးအောင်သောင်းအပါအ၀င် အမတ်တချို့ကတော့ ဒီကိစ္စ လွှတ်တော်တွင်းမှာ ကန့်ကွက် ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013