DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
July 29, 2022
မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘက်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၉ ရက် ဒီနေ့ နေ့လယ် ၃ နာရီ ၁၀ မိနစ်လောက်မှာ  လက်ပစ်ဗုံး နှစ်လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Aung San Generation Monywa အဖွဲ့က  ပြောပါတယ်။

Aung San Generation Monywa မှ တာဝန်ရှိသူတစ်ဦးက "လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခဲ့တာပါ။ ကျနော်တို့ အတည်ပြုနိုင်တာကတော့ စစ်ကောင်စီတပ်သား နှစ်ယောက်ကျတယ်၊ Non CDM ဘဏ်ဝန်ထမ်း သုံးယောက်ထိတယ်လို့ ကြားတယ်။" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ  ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့အတွက် သွေးကြွေးပြန်ယူတာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

Aung San Generation Monywa အဖွဲ့ဟာ ဇူလိုင် ၂၇ ရက်ညကလည်း  ဘုတလင်ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၈ ရက်မှာလည်း မုံရွာနမခစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013