DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၁၈ ဦးရှိ၊ အသက်မပြည့်သေးသူ ၂ ဦး အမှုပြန်ရင်ဆိုင်နေရ
DVB
·
July 28, 2022
သေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၁၈ ဦးရှိ၊  အသက်မပြည့်သေးသူ ၂ ဦး အမှုပြန်ရင်ဆိုင်နေရ
Donate to DVB

စစ်ကောင်စီက မတရားသေဒဏ်ချမှတ်ထားသူပေါင်း   ၁၁၈ ယောက်ရှိပြီး သေဒဏ်ချခံထားရတဲ့ အသက်မပြည့်သေးသူ ၂ ယောက်ကတော့ အမှုပြန်ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) က ဇူလိုင် ၂၈ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သေဒဏ် ချမှတ်ခံရသူ ၄ ယောက်ရဲ့ အချက်အလက်တွေကို  ဒီနေ့မှာ ထပ်ပြီး အတည်ပြုနိုင်ခဲ့တာကြောင့် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ် ချမှတ်ခံထားရပြီး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၇၆ ယောက် ရှိပြီလို့ ဆိုပါတယ်။ နောက်ထပ် ၄၂ ယောက်ကတော့ မျက်ကွယ်မှာ သေဒဏ်ချခံထားရတာဖြစ်ပါတယ်။

စစ်ခုံရုံးက သေဒဏ် ချမှတ်ထားတဲ့ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်ဟာ ကလေးသူငယ်တရားရုံးမှာ အမှု ပြန်ရင်ဆိုင်နေရသလို သေဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဟာ သေဒဏ်ကနေ အယူခံအောင်ပြီး ထောင်ဒဏ်တသက် ပြောင်းလဲချမှတ်ခံထားရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၈၁၅ ယောက် ရှိပြီး အယောက် ၁၃၆၀ ကို ထောင်ဒဏ် ချမှတ်ထားပါတယ်။

မနေ့က မကွေးတိုင်း ပေါက်မြို့နယ်က  ကျားပစ်ကန်ကျေးရွာကို စစ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်ခြံဝင်းထဲမှာ ဆော့ကစားနေတဲ့ အသက် ၄ နှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူဟာ ကျည်ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့လို့ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၂၁၃၃ ယောက် ကျဆုံးခဲ့ပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။

ဒါဟာ AAPP ကောက်ယူရရှိထားတဲ့စာရင်းတွေပဲ ဖြစ်ပြီး အမှန်တကယ် မြေပြင်မှာ ကျဆုံးခဲ့သူအရေအတွက်ဟာ ဒါထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013