DVB Logo
Home
မြန်မာသတင်း
လယ်ယာထွက်ကုန်တင်ပို့မှု အရင်နှစ်ကာလတူထက် လျော့ကျလာ
DVB
·
July 28, 2022
လယ်ယာထွက်ကုန်တင်ပို့မှု အရင်နှစ်ကာလတူထက် လျော့ကျလာ
Donate to DVB

အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ သုံးလကျော်ကာလအတွင်း  ပြည်ပကို လယ်ယာထွက်ကုန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၅ ဘီလီယံကျော် ရရှိထားပြီး အရင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၁.၁၉၃ သန်းကျော် ဝင်ငွေ လျော့ကျခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကုန်သွယ်မှုစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ လယ်ယာထွက်ကုန်ကို အမေရိကန်ဒေါ်လာ(၁ ဒသမ ၂၁၆) ဘီလီယံအထိ တင်ပို့ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ လယ်ယာထွက်ကုန်တင်ပို့ရေးကဏ္ဍကလည်း အဓိကနေရာကနေ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် COVID-19 ကာလမှာတော့ လယ်ယာထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ လယ်ယာကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊  ဈေးကွက်အသစ် ရှာဖွေချိတ်ဆက်မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂‌ ဘဏ္ဍာနှစ်က ပြည်ပကို လယ်ယာထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၇၂၅ ဘီလီယံကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်လည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၂၄ ဘီလီယံကျော်ထိ တိုးတက်ရရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်ဖို့အတွက် နိုင်ငံတိုင်းက ကန့်သတ်ချက်တွေ ချမှတ်နေတဲ့ကြားက မြန်မာလယ်ယာ ထွက်ကုန် တင်ပို့မှုဟာ နှစ်နှစ်ဆက်တိုက် ဆက်လက်တိုးတက်နေခဲ့ပေမဲ့  ပြီးခဲ့တဲ့  ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာ စတင်လျော့ကျလာပါတယ်။

၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၄၀၇) ဘီလီယံကျော်သာ တင်ပို့မူက ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့နိုမှုထက် ကန်ဒေါ်လာ သန်း ၅၂၀ ကျော် လျော့ကျခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်းမှာလဲ ယမန်နှစ်ကာလတူ တင်ပို့နိုင်မှုအောက် ထပ်မံလျော့ကျလာတာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုးနဲ့ နှမ်း၊ ပြောင်းတို့ကို အဓိကတင်ပို့ နေတာဖြစ်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ သကြား၊ ရာဘာ၊ ကော်ဖီ၊ ကြက်သွန်နဲ့ အခြား စိုက်ပျိုးရေးထွက်ကုန်တွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေဟာ သွင်းအားစုဈေးနှုန်းတွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အဋိပက္ခတွေရဲ့ဒဏ်ကို ခါးစည်းခံနေရတာဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လတ်တလောထုတ်ပြန်နေတဲ့ မူဝါဒ အပြောင်းအလဲတွေကလည်း စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် အခက်အခဲ၊ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေပြီး၊ စီးပွားရေးလုပ်ကိုင်ရာမှာ မရေရာမှုတွေကို မြင့်တက်လာစေတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013