DVB Logo
Home
မြန်မာသတင်း
စာတတ်မြောက်ရေးလှုပ်ရှားမှု နိုင်ငံတ၀ှမ်း ဆောင်ရွက်နေ
DVB
·
April 8, 2014
စာတတ်မြောက်ရေးလှုပ်ရှားမှု နိုင်ငံတ၀ှမ်း ဆောင်ရွက်နေ
Donate to DVB

မြန်မာနိုင်ငံတ၀န်း မြို့နယ်ပေါင်း ၃၀ နီးပါးက လူပေါင်း ၄ သောင်းခွဲကျော်အတွက် အခြေခံစာ သင်ကြားပေးတဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုတွေကို တက္ကသိုလ် ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေက တပြည်လုံးအနှံ လှည့်လည် ဆောင်ရွက် နေပါတယ်။

စာမတတ်တဲ့ ကလေးသူငယ်တွေနဲ့ အဘိုးအဘွားတွေ အခြေခံ စာတတ်မြောက်ရေး ရည်ရွယ်ချက်တွေနဲ့ မြို့နယ်ပေါင်း ၂၉ မြို့နယ် ရပ်ကွက်နဲ့ ကျေးရွာ ၁ ထောင်ကျော်က လူပေါင်း ၄ သောင်း ၆ ထောင်လောက်အတွက် စာသင်ပေးနေကြတာ ဖြစ်ပါတယ်။

[caption id="attachment_54562" align="alignright" width="300"]စာတတ်မြောက်ရေး လှုပ်ရှားမှု ၂၀၁၄ တွင် သမ္မတဦးသိန်းစိန် တက်ရောက် အားပေးစဉ် စာတတ်မြောက်ရေး လှုပ်ရှားမှု ၂၀၁၄ တွင် သမ္မတဦးသိန်းစိန် တက်ရောက် အားပေးစဉ်[/caption]အသုံးလုံး ပညာသင်ကြားရေးအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ထွေးက သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကို ခုလို ပြောဆိုပါတယ်။

“စာတတ်တဲ့အခါကျတော့ စာအုပ်တွေ တပုံကြီးရှိတယ်။ အဲဒါကို ကိုယ့်ဘာသာဖတ်ပြီးတော့ ပညာကို ကိုယ့်ဘာသာကိုယ် ရှာလို့ ရတယ်။ ဒါကြောင့် စာတတ်မြောက်ရေးက ပညာရေးရဲ့ အခြေခံ၊ ဒါကြောင့် တပြည်လုံးကို စာတတ်မြောက်အောင် လုပ်မှာ၊ အဲဒါ ကျနော့်ရဲ့ ရည်ရွယ်ချက်ပဲ။”

ဒီလှုပ်ရှားမှုမှာ သက်ဆိုင်ရာမြို့နယ်တွေက ကျောင်းသားကျောင်းသူနဲ့ တက္ကသိုလ်အသီးသီး က ဆရာနဲ့ ဆရာမပေါင်း ၄ ထောင်ကျော်တို့က အားကျိုးမာန်တက် စေတနာဝန်ထမ်းအဖြစ် သင်ကြားပေးနေကြတာလည်း ဖြစ်ပါတယ်။

၁ ရက်ကို ၃ နာရီ အလုပ်နားနေချိန်တွေနဲ့ ညနေပိုင်း၊ ညပိုင်းတွေမှာ စုရပ်တခုထားပြီး သင်ကြားကြသလို နေအိမ်တွေကို သွားရောက်ပြီးလဲ သင်ကြားကြတယ်လို့ လုပ်အား ပေးဆရာမတဦးက ပြောပါတယ်။
“လိုချင်တဲ့ သူတွေက ၄၀ ကျော်ပိုင်းတွေလည်း အတော်လိုချင်ကြတယ်။ နောက် အသက် ၂၀၊ ၂၅ တို့ ၃၀ ပတ်ဝန်းကျင်က လူငယ်တွေက တော်တော်လိုချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဂဏန်းပေါင်းတတ် နုတ်တတ်မှ စက်ရုံတွေမှာ အလုပ်ဝင်လို့ ရတယ်လေ။ သူတို့တွေက အဲဒီလိုမျိုးစားနည်းနည်းတတ်မှ အလုပ်ဝင်လို့ ရတယ်ဆိုတော့ သူတို့တွေက အဲဒါတွေ သိပြီး ပိုကြိုးစားတယ်။ ”

လာရောက်သင်ကြားသူတွေကို အဆင့် ၃ မျိုးခွဲကာ အုပ်စု ၃ စုခွဲ သင်ကြားပေးနေပြီး အသက် ၂၀ ၀န်းကျင်လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ သင်တန်းတက်ရောက်ကြပြီး တချို့ လာရောက် သင်ယူသူတွေကတော့ သင်္ချာတတ်မှ အလုပ်ရ လွယ်ကူလို့ လာတတ်ကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒီစာတတ်မြောက်ရေး လှုပ်ရှားမှုကို ဧပြီ ၁ ရက်နေ့ကနေ မေ ၁၅ ရက်အထိ ၁ လခွဲကြာ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့စာတတ်မြောက်မှုနှုန်းဟာ ၉၁ ရာနှုန်းကျော် ရှိထားပြီး ဖြစ်တဲ့အတွက် ခုလို မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ပညာသင်ကြားပေးပြီးနောက် ၂၀၁၅ မှာ ၉၅ ရာနှုန်းကျော် သွားမယ်လို့ ကျောင်းပြင်ပ ပညာရေးလုပ်ငန်းအဖွဲ့က မျှော်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013