DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီစျေး ပြန်မြင့်တက်လာ
DVB
·
July 27, 2022
စက်သုံးဆီစျေး ပြန်မြင့်တက်လာ
Donate to DVB

ရန်ကုန်စျေးကွက်မှာ မနေ့က 92 Ron  တလီတာကို ၁၇၀၀ အောက်မှာ ရှိခဲ့ပေမဲ့ ဒီကနေ့မှာ တလီတာစျေး ၁၈၀၀ ကျပ်အထက် ပြန်လည်မြင့်တက်လာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ရန်ကုန်တိုင်းအတွက် ဒီကနေ့ သတ်မှတ်ထုတ်ပြန်တဲ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းတွေက  92  Ron တလီတာ ၁၈၁၀ ကျပ်၊ 95 Ron တလီတာ ၁၈၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂၀၈၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တလီတာကို  ၂၁၃၅ ကျပ် ဖြစ်ပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေနဲ့ယှဥ်ရင် စက်သုံးဆီအမျိုးအစားအလိုက် တလီတာကို ပျမ်းမျှ ကျပ် ၁၀၀ ၀န်းကျင် တရက်အတွင်း မြင့်တက်လာတာပါ။

စက်သုံးဆီစျေးနှုန်း တည်ငြိမ်စေဖို့အတွက် ရည်ရွယ်ပြီး စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်တွေအလိုက် ရည်ညွှန်းဈေးနှုန်းတွေကို နေ့စဥ် သတ်မှတ်ထုတ်ပြန်ပေးနေပြီး အဲဒီကော်မတီကို ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစက်သုံးဆီ စျေးကွက်မှာ ပြီးခဲ့တဲ့ ဇွန်ဒုတိယပတ်က  92 Ron တလီတာကို ကျပ် ၂၃၀၀ အထက်ထိ မြင့်တက်ခဲ့ပြီးတော့ တစတစ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ တလီတာကို ၁၇၀၀ အောက်ထိ ပြန်လည်ကျဆင်းခဲ့ပြီးတော့ ဒီကနေ့မှာ ၁၈၀၀ အထက်ကို ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ၀ယ်ယူ တင်သွင်းနေရတဲ့ စက်သုံးဆီစျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာပါ။

အဲဒီလိုစျေးနှုန်း ကြီးမြင့်တာအပြင် အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်တဲ့ပြဿာနာ၊ ၀ယ်ယူရခက်တဲ့ ပြဿနာတွေလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က စက်သုံးဆီ တလီတာကို ကျပ် ၇၀၀ ဝန်းကျင်ပဲ ရှိခဲ့တာပါ။

လောင်စာဆီစျေးမြင့်တက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက သယ်ယူပို့ဆောင်ခ နှုန်းထားတွေကို မြင့်တက်စေပြီး အထွေထွေကုန်စျေးနှုန်းကို ကြီးမြင့်စေတာကြောင့်  ၀င်ငွေနည်း အခြေခံပြည်သူတွေအပေါ်  ရိုက်ခတ်စေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013