DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ထောင် ၁ နှစ်ချမှတ်
DVB
·
April 7, 2014
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ထောင် ၁ နှစ်ချမှတ်
Donate to DVB

ဒီဗွီဘီ သတင်းထောက် သူရသက်တင် (ခေါ်) ကိုဇော်ဖေနဲ့ သူ့ကို အကူအညီပေးနေတဲ့ မြို့ခံကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

မကွေးမြို့နယ် တရားရုံးက ဧပြီလ ၇ ရက်နေ့ မနက်မှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် တပေါင်းထဲကျခံဖို့ ချမှတ်လိုက်တာပါ။

Zaw Peခုလို ချမှတ်လိုက်တာဟာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှ ဖြစ်နေတဲ့အကြောင်းနဲ့ ခရိုင်တရားရုံးမှာ အယူခံ ဆက်ဝင်သွားမယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးသိန်းထွန်းက ပြောပါတယ်။
“တရားမျှတတယ်။ မမျှတတယ်ဆိုတာထက် ကျနော်တို့ ဥပဒေအနေနဲ့ များတယ်လိုပဲ ခေါ်ရမှာပဲ။ ကျနော်တို့ အတွေ့အကြုံအရ ပြစ်မှုနဲ့ ပြစ်ဒဏ် များတယ်လို့ ယူတယ်။ ဒါကြောင့် အယူခံ အမြန်ဆုံး တတ်မယ်။”

ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ကတော့ သူ့အနေနဲ့ အမှား လုပ်ခဲ့တာ မရှိဘူးလို့ အမိန့်မချခင် တရားရှုံးကို အလာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အမှားကို ကျူးလွန်ခဲ့တာ မဟုတ်ဘူး။ အဲဒီအတွက် ကျနော် ပြည်သူလူထုကို အပ်တယ်။ ကျနော် မှားခဲ့ပါတယ်ဆိုရင် ဒီလောကနေ တသက်လုံး ထွက်သွားမယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောချင်တယ်။”

ဂျပန်နိုင်ငံ ဖောင်ဒေးရှင်းတခုကပေးတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကွေးတိုင်းပညာရေးမှူးရုံးမှာ သတင်းသွားယူခဲ့တဲ့ မကွေးအခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ နဲ့ သူ့ကို အကူအညီ ပေးနေတဲ့ မြို့ခံကျောင်းသားမိဘ တဦးတို့ကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထောက် ပညာရေးမှူးး ဦးမောင်ငွေက တရားလိုလုပ်ပြီး စတင် တရားစွဲဆိုခဲ့တာပါ။

ခုလို ထောင်ဒဏ်ချမှတ်မှုဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်တာဖြစ်တဲ့အတွက် ဒီဗွီဘီ သတင်းဌာနအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတဲ့အကြောင်းနဲ့ ကိုဇော်ဖေနဲ့ ကိုဝင်းမြင့်လှိုင်တို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လတ်တလော ကိုဇော်ဖေတို့ နှစ်ဦးကို မကွေးအချုပ်မှာ ဖမ်းဆီးထားပြီး သရက်မြို့ အကျဉ်းထောင်ကို ဆက်လက် ပို့ဆောင်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013