DVB Logo
Home
မြန်မာသတင်း
လိုင်စင်မဲ့ နိဗ္ဗာန်ယာဉ်တွေကို အစိုးရက လိုင်စင်သီးသန့် ချမှတ်ပေးသင့်
DVB
·
April 7, 2014
လိုင်စင်မဲ့ နိဗ္ဗာန်ယာဉ်တွေကို အစိုးရက လိုင်စင်သီးသန့် ချမှတ်ပေးသင့်
Donate to DVB

နိုင်ငံတ၀န်းက နာရေးကူညီမှုအသင်းတွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ နိဗ္ဗာန်ယာဉ်တွေကို လိုင်စင်ထုတ်ပေးသင့်တယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းက အစိုးရကို အကြံပြု တောင်းဆိုလိုက်ပါတယ်။

NarYayKuNyiMutလွန်ခဲ့တဲ့ မတ်လကုန်ပိုင်းတုန်းက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာက နိဗ္ဗာန်ယာဉ်တွေဟာ လိုင်စင်မဲ့ကားဖြစ်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ပရဟိတသမား ၇ ဦး ဖမ်းဆီးခံနေရပါတယ်။ ညောင်လေးပင်ရဲစခန်းရဲ့ ဒီဖမ်းဆီးမှုနဲ့စပ်လျဉ်းပြီး ရန်ကုန်နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက အခုလို အကြံပြု ပြောဆိုလိုက်တာပါ။

“ဥပဒေဆိုတာ အားလုံး တသားတည်း ရှိရမယ်။ အကယ်၍ ညောင်လေးပင် တော်ဝိရွာက ဒီဟာကို လိုင်စင်မဲ့လို့ ဖမ်းတယ် ကားတွေကို သိမ်းတယ်ဆိုရင် တနိုင်ငံလုံးကို ဖမ်း၊ တနိုင်ငံလုံး သိမ်းလေ။ အဲဒါဆို လူမှုရေး အသင်းအဖွဲ့တွေ လုပ်ပေးနေတဲ့ ၀န်ဆောင်မှုတွေအားလုံး နိုင်ငံတော်ကနေ တာဝန်ယူလုပ်နိုင်လား။ တာဝန်ယူလုပ်နိုင်ရင် ဖမ်း၊ အားလုံးကို သိမ်းလိုက်။ အဲဒါ အကောင်းဆုံးပဲ။ ဖြစ်သင့်တာက ဆရာတော်ကြီးတွေ သံဃာတွေတွေ စီးနေတဲ့ လိုင်စင်မဲ့ကားတွေ ရှိတယ်။ အဲဒါကို ပါနံပတ်နဲ့ တရားဝင်လိုင်စင်ရအောင် လုပ်ထားတယ်။ အဲဒီလို ပုံစံမျိုး လူမှုရေးအသင်းအဖွဲ့ ကားတွေကို လုပ်ပေးရမယ်။ ဥပမာ - နိဗ္ဗာန်ယာဉ်ဆိုရင်လည်း နိဗ္ဗာန် တပ်ပေးထားသလို၊ လူနာတင်ယာဉ်ဆိုရင်လည်း နာဆိုပြီး တပ်ပြီးတော့ အသုံးပြုခွင့် ပြုရမယ်။ ဒါမှလည်း ပြည်သူလူထုတွေ အားလုံးကို ကျနော်တို့ ကူညီပေးလို့ ရမှာ။”

ရန်ကုန်မြို့ကလွဲပြီး မြန်မာနိုင်ငံက တခြားမြို့တွေမှာ အသုံးပြုနေတဲ့ နိဗ္ဗာန်ယာဉ် အတော်များများဟာ လိုင်စင်မဲ့ကားတွေကိုပဲ အသုံးပြုနေကြရတာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပရဟိတသမားတွေဟာ ရရှိလာတဲ့ ချွေးနည်းစာနဲ့ ရပ်ရွာအတွက် ကူညီဖို့ လူမှုရေးကူညီမှု အသင်းတွေကို ထူထောင်ခဲ့ကြတာဖြစ်သလို ရရှိတဲ့ ငွေကြေးနဲ့ ဈေးသက်သာပြီး မော်ဒယ်မြင့်တဲ့ လိုင်စင်မဲ့ ကားတွေကို သူတို့ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် ၀ယ်ယူခဲ့ကြရတာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ဆိုင်တဲ့ လိုင်စင်မဲ့ ကားတွေ။ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အစိုးရက အခကြေးငွေယူပြီး တရားဝင်လိုင်စင်ထုတ်ပေးမှု မကြာခဏ လုပ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013