DVB Logo
Home
Lead Story
ချောက်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ
DVB
·
April 7, 2014
ချောက်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ
Donate to DVB

မကွေးတိုင်း ချောက်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မြို့နယ် ၈ မြို့နယ်က ပူးပေါင်းဆန္ဒ ထုတ်ဖော်မှု ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

Jauk၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ-၅၉ (ဃ)၊ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ပွဲကို ဒီကနေ့ ချောက်မြို့မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုမှာ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်တောင်း၊ ရေနံချောင်း၊ စလေ၊ ဆိတ်ဖြူ၊ အစရှိတဲ့မြို့နယ်တွေ ပြည်သူတွေ လာရောက်ပါဝင် ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ချောက်မြို့နယ်အဖွဲ့ချုပ်ဝင် ဦးစိုးမြင့်က ပြောပါတယ်။

လူပေါင်း ၆ ရာလောက်ပါဝင်ဆန္ဒ ထုတ်ဖောက်ခဲ့ပြီး ခွင့်ပြုထားတဲ့ လမ်းကြောင်းအပြင် တခြားလမ်းကြောင်းတွေမှာ သွားတဲ့အတွက် ဆန္ဒပြခေါင်းဆောင်ကို အရေးယူဖို့ရှိတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်း ပြောပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ တစုံတဦးကို ဖမ်းဆီးအရေးယူတာ မတွေ့ရသေးဘူးလို့ ဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013