DVB Logo
Home
မြန်မာသတင်း
လူနာများနဲ့ ကျန်းမာရေး ၀န်ထမ်းများကို တိုက်ခိုက်နေဆဲဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ထုတ်ပြန်
DVB
·
April 7, 2014
Donate to DVB

ဧပြီ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာကျန်းမာရေးနေ့မှာ လူနာတွေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာရ်စီ)က ပြောပါတယ်။

ကျန်းမာရေး ထောက်ပံ့မှုတွေ ပေးနေတဲ့ လူတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ကျန်းမာရေး aစာင့်ရှောက်မှု ပေးနေမှုအပေါ် သက်ရောက်နေတဲ့ အကြမ်းဖက်မှုဖြစ်ရပ် ဆိုတဲ့ အစီရင်ခံစာမှာ မှတ်တမ်းတွေ အမြောက်အမြားနဲ့ အခုလို ရေးသားထားတာပါ။

ICRCအမည်ဖော်ပြထားခြင်းမရှိတဲ့ နိုင်ငံ ၂၂ နိုင်ငံက ဖြစ်ရပ်တွေကို အခြေခံပြီးရေးသားထားတဲ့ စာမျက်နှာ ၁၃ မျက်နှာရှိတဲ့ အစီရင်ခံစာမှာတော့ ၂၀၁၃ ခုနှစ်မှာ ကျန်းမာရေး ၀န်ထမ်းတွေက အကြမ်းဖက်မှု ဖြစ်ရပ် ၁၈၀၀ ခန့်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရနဲ့ လက်နက်ကိုင်တွေက ကမ္ဘာတ၀န်း ကျန်းမာရေး ၀န်ဆောင်မှု ပေးနေတဲ့ သူတွေကို လုံခြုံအောင် လုပ်ဆောင်ပေးဖို့လိုတယ်လို့ အိုင်စီအာရ်စီ အကြီးအကဲ ပီရယ် ဂျန်တေး က ပြောပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ဖြစ်ရပ်တွေ အမြောက်အမြားပေါ် အခြေခံပြီး ဒီအစီရင်ခံစာက ရေးသားထား တာ ဖြစ်သလို အခြေအနေက တိုးတက်မလာဘဲ မကြာခဏဆိုသလို ကျန်းမာရေး ၀န်ဆောင်မှုနဲ့ ပတ်သက် ဆက်စပ်တာတွေကို ပစ်မှတ်ထားခံရပြီး လူနာတွေဟာ အသတ်ခံနေရတယ်လို့ ဆိုပါတယ်။

၂၀၁၂-၁၃ ခုနှစ်က ကောက်ခံခဲ့တဲ့ လူနာ၊ ကျန်းမာရေးဝန်ထမ်း၊ အရေးပေါ် လူနာတင်ကား တွေကို တိုက်ခိုက်တဲ့နိုင်ငံ ၂၃ နိုင်ငံက ဖြစ်ရပ် ၁၈၀၉ ခုက အချက်အလက်ကို အခြေခံပြီး အစီရင်ခံစာကို ပြုစုထားတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ဖြစ်ရပ်အများစုက ဆေးရုံ ကျန်းမာရေး စောင့်ရှောက် ကုသခံတဲ့ ဆင်တာတွေကို တိုက်ခိုက် လုယက်တာတွေ ရှိနေသလို တချို့ဖြစ်ရပ်တွေမှာတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ၀န်ထမ်းတွေရဲ့ ကျင့်ဝတ်ကို အတင်းအကြပ် ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် တချို့ဖြစ်ရပ်တွေက ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူတွေကို တိုက်ရိုက် တိုက်ခိုက်ခံနေရသလို ပြန်ပေးဆွဲ ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013