DVB Logo
Home
မြန်မာသတင်း
အမာမြို့တွင် ကင်းစောင့်ရန် တအိမ် ၆၀၀၀ စစ်ကောင်စီကို ပေးနေရ
DVB
·
July 27, 2022
အမာမြို့တွင် ကင်းစောင့်ရန် တအိမ် ၆၀၀၀ စစ်ကောင်စီကို ပေးနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကင်းစောင့်ဖို့အတွက် တအိမ် ၆၀၀၀ ကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ခံတွေက ဇူလိုင် ၁၉ ရက်နေ့ကစပြီး ဒေသခံပြည်သူတွေကို ကင်းကြေးလိုက်လံကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ခုက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရှိတဲ့အုပ်အပြင် ကျေးရွာတာဝန်ခံဆိုပြီး ထပ်လုပ်လာတာ၊ ပျူစောထီးတို့ ပြည်သူ့စစ်တို့ အကုန်ပါတယ်။ သူတို့က ကျေးရွာကာကွယ်ရမယ်ဆိုပြီး ကင်းစောင့်ခိုင်းတာ၊ တနေ့ ၃ အိမ်စောင့်ရတယ်၊ စောင့်ဖို့ဆိုပြီး တအိမ် ခြောက်ထောင်တောင်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကင်းစောင့်ဖို့ဆိုပြီး ခွဲတမ်းအလိုက် တနေ့ကို ၃ အိမ်သတ်မှတ်ထားပြီး ကင်းကြေး ၆၀၀၀ ကတော့ ကင်းဝင်စောင့်လည်း ပေးရတယ်လို့ ဆိုပါတယ်။ 

ကျေးရွာတွေမှာ ကင်းစောင့်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ရုံးကနေ ညွှန်ကြားထားတာဖြစ်ပြီး အလားတူဖြစ်စဉ်မျိုး မော်ကျွန်းမြို့နယ်မှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013