DVB Logo
Home
မြန်မာသတင်း
သမီးကလေးကျေးရွားသားတွေနေဖို့ ကျောက်ခက်ရွာမှာ အိမ်ဆောက်ဖို့ပြင်
DVB
·
April 6, 2014
သမီးကလေးကျေးရွားသားတွေနေဖို့ ကျောက်ခက်ရွာမှာ အိမ်ဆောက်ဖို့ပြင်
Donate to DVB

မြ၀တီမြို့ ကျောက်ခက်ရွာကို ရောက်လာတဲ့ သမီးကလေးကျေးရွာက ဒုက္ခသည်တွေအတွက် ဒီကေဘီအေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။

သမီးကလေးကျေးရွာသား ၂၀၁ ယောက်ဟာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ မြ၀တီမြို့ သမဂ္ဂသုခသီရိမြိုင် ဘေးမဲ့ကျောင်းကနေ ဒီကေဘီအေ ထိန်းချုပ်နယ်မြေကျောက်ခက်ကို ထွက်လာပြီး နေ့လည်ပိုင်းမှာ မြ၀တီမြို့နဲ့ ဆုံဆည်းမြိုင်ကြားမှာရှိတဲ့ ကျောက်ခက်ရွာကို ရောက်လာခဲ့ကြပါတယ်။

thameelay arrive kyauk khet05042014ကျောက်ခက်ရွာ ဘုန်ကြီးကျောင်းမှာ ကျေးရွာသားတွေကို ၃ ရက်လောက် အနားပေးထားပြီးရင် နေထိုင်ဖို့ နေအိမ်တွေကို ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဒီကေဘီအေက ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ ယာယီတဲလေးထိုးပြီးတော့ အိမ်ဆောက်ရင်းနဲ့ နေပေါ့။ ဖြစ်နိုင်မယ်ဆိုလို့ ရှိရင် ဒီလိုပဲနေပြီး အိမ်တွေ အရင်ဆောက်ပေါ့။ သူတို့နားရင် ၁ ရက် ၂ ရက် ၃ ရက် အများဆုံး နားပေါ့။ လောလောဆယ်တော့ လိုအပ်တဲ့ လွှတွေ ဓါးတွေ တော့ လုပ်ထားပြီးပြီပေါ့။ မြေနေရာက မနက်ဖြန် စပြီး ရိုက်မယ်။”

ဒုက္ခသည်တွေကတော့ သူတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးနေရာပေးတဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောထားပေမယ့် ဘဝကို အသစ်ကနေ ပြန်စရတဲ့အတွက် အခက်အခက်တွေရှိတယ်လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ဌေးက ပြောပါတယ်။

“နေတယ်ဆိုတာက အဆင်ပြေတယ် မဟုတ်ဘူးပေါ့။ ကိုယ့်ဆီမှာထက်စာရင် အလုပ်တော့ မပြတ်ဘူးပေါ့။ မပျင်းရင်တော့ စားရမှာပေါ့။ ပျင်းတဲ့သူကတော့ မစားရဘူးပေါ့။ ”

ကျောက်ခက်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကတည်း စတင်ပြောင်းရွေ့လာခဲ့တာပါ။ ဒါပေမယ့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ် ဒုံသမိ တံတားအရောက်မှာ အာဏာပိုင်တွေရဲ့ တာဆီးခြင်းကို ခံခဲရပါသေးတယ်။ နောက်ပိုင်းမှာ ဒီကေဘီအေ ခေါ်ဆောင်ရာ နောက်ကို ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်အတွင်းက သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင် စတဲ့ကျေး ရွာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက တပ်ပိုင်မြေဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့အတွက် အိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။

အခုတော့ ဒီကေဘီအေရဲ့ အကူအညီနဲ့ ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာကို ရောက်လာကြပြီး မိုးမစခင်မှာ လုံခြုံတဲ့ အမိုးအကာအောက်နေထိုင်နိုင်ကြမယ်လို့ မျှော်လင့်နေကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013