
လူသားအချင်းချင်း အမုန်းပွားစေမယ့် စကားတွေ မပြောကြဖို့ ပန်းစကားလို့ နာမည်ပေးထားတဲ့ လူထုလှုပ်ရှားမှုတရပ်ကို ဧပြီလ ၄ ရက်နေ့မှာ စတင်လိုက်ပါတယ်။
အမုန်းတရားပွားမှာကို မလိုလားကြတဲ့ လူထုအဖွဲ့အစည်းအခြေပြု လူငယ်တွေ စုပေါင်းပြီး လုပ်ဆောင်ကြတဲ့ ပန်းစကားလှုပ်ရှားမှုကို ဧပြီလ ၄ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အချိန်ကာလ သတ်မှတ်ချက်မရှိ လုပ်ဆောင်သွားကြမှာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါတယ်။ သူဟာ မီဒို လို့ အမည်ပေးထားတဲ့ လူမှု အဖွဲ့အစည်းတခုရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်ပါတယ်။
ပန်းစကားအဖွဲ့ရဲ့ အမုန်းပွားစေမယ့်စကားတွေ မပြောကြဖို့ လှုပ်ရှားမှုစတင်ခဲ့တဲ့ ဧပြီ ၄ ရက်မှာပဲ ရန်ကုန်တိုင်း လှည်းကူးမြို့မှာ လူသားအချင်းချင်း အမုန်းပွားစေမယ့် ပြောဆို လုပ်ဆောင်ချက်တွေ ကို ဒေသခံ လူငယ်တွေ အကြမ်းဖက် လုပ်ဆောင်ခဲ့ကြပါတယ်။
ကိုနေဘုန်းလတ်ကတော့ လူငယ်တွေ သမိုင်းကို လေ့လာစေချင်တယ်၊နိုင်ငံရေးကို လေ့လာ စေချင်တယ်လို့ ပြောဆို တိုက်တွန်းလိုက်ပါတယ်။
ကိုနေဘုန်းလတ်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်










