DVB Logo
Home
မြန်မာသတင်း
လှည်းကူးမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်ပွား
DVB
·
April 5, 2014
လှည်းကူးမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်ပွား
Donate to DVB

လှည်းကူးမြို့မှာ သာမန် ခိုက်ရန်ဖြစ်ပွားရာကနေ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်ပွား ခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် ဗန်ဒါလမ်းမှာ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင်တဦးတို့ အချင်းများကြရာက ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

10003024_683338968371273_1430847354_nဈေးကြီးအရှေ့ဘက် ဗန်ဒါလမ်း အတွင်းမှာ ဖွင့်လှစ်ထားတဲ့ မိုးကာ ကူရှင်ဆိုင်ပိုင်ရှင် အစ္စလာမ် ဘာသာဝင် ဦးကိုကိုလေးရဲ့ သားနှစ်ဦးက နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဦးရဲ့သား မောင်သက်ပိုင်ဦးကို ကတ်ကြေးနဲ့ ထိုးလိုက်ရာက စတင်ဖြစ်ပွားတာပါ။

အခင်းဖြစ်ပြီးနောက် ပြစ်မှုကျူးလွန်သူလို့ ယူဆသူနှစ်ဦးဟာ သူတို့နဲ့ ဆွေမျိုးတော်စပ်တဲ့ ဟူစင်မုန့်ဆိုင်ထဲ ၀င်ပြေးခဲ့ပါတယ်။ ဒေသခံတွေက သူတို့ နှစ်ဦးကို ထုတ်ပေးဖို့ အော်ဟစ်ခဲ့ကြပြီး မကျေမနပ်ဖြစ်ရာက ဟူစင်မုန့်ဆိုင်ကို ခဲလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာလို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။

ညနေ ၆ နာရီလောက်မှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူနှစ်ဦးကို လှည်းကူးမြို့ မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပေမယ့် လူစုမကွဲကြသေးပဲ လူအနည်းငယ် စုရုံးနေကြပါသေးတယ်။

ည ၇ နာရီလောက်မှာတော့ လူအင်အားပိုများလာပြီး တချို့က ဈေးနားက ဒန်ပေါက်ဆိုင်ကို ခဲတွေ နဲ့ ပစ်ပေါက်ကြလို့ ရဲအင်အားရာချီ သုံးပြီး ဖမ်းဆီးလူစုခွဲတာ တွေ့ရပါတယ်။

၇ နာရီခွဲလောက်အချိန်မှာတော့ ဒေသခံ ၂၀ ကျော်လောက်ဟာ တားဆီးထားတဲ့ ရဲတွေကို ဖြတ်ကျော်ပြီး ဈေးရဲ့ ဘယ်ဘက်အဖြမ်းမှာရှိတဲ့ ဗလီကိုခဲနဲ့ ပစ်ပေါက်ကြလို့ ရဲနံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ဖမ်းဆီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ရဲမှူးဦးခင်မြင့်ကတော့ ကတ်ကြေးနဲ့ ထိုးတဲ့ သူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးထားတယ်လို့ အခုလိုပြောပါတယ်။
“လူကတော့ အမှုဖွင့်ထားတယ်။ တရားခံကတော့ ထောင်ကို ပို့ထားတယ်။”

ည ၉ နာရီကျော်မှာ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးက ည ၆ နာရီ မနက် ၆ နာရီ ညမထွက် ရအမိန့် ပုဒ်မ ၁၈၈ ဒေသန္တရ အမိန့်ကို ထုတ်ပြန်လိုက် ပြီးနောက်မှာ ပဋိပက္ခ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ရောက်ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း အခုလို ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခမျိုး ဖြစ်ပွားခဲ့တာဟာ ၂၀၁၄ ခုနှစ်ထဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မနှစ်က ဧပြီလထဲမှာလည်း အလားတူ ပဋိပက္ခမျိုး ရန်ကုန်တိုင်း ဥကံ္ကမှာ ဖြစ်ပွားခဲ့ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013