DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ စစ်ကောင်စီကို ဒရုန်းဖြင့်တိုက်ခိုက်
DVB
·
July 22, 2022
ပုလောတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ စစ်ကောင်စီကို ဒရုန်းဖြင့်တိုက်ခိုက်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) KPDF က ဇူလိုင် ၂၁ ရက်ညက ထုတ်ပြန်လိုက်ပါတယ်။

ပဝတ်ကုန်း လမ်းဆုံ ၂ ခုမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) KPDF နဲ့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တို့ ပူးပေါင်းပြီး ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

PPDF မှ တာဝန်ရှိသူတဦးက “ပဝတ်ကုန်းက ပဝတ်ဖျားကိုသွားတဲ့ လမ်းပေါ်က လမ်းဆုံ ၂ နေရာမှာ လမ်းသွားလမ်းလာတွေကို စစ်နေတဲ့ စစ်ကောင်စီတပ်သားတွေ” လို့ ရှင်းပြပါတယ်။

အဆိုပါ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးလောက် ထိခိုက်နိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကား ၃ စီးနဲ့ သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ထိခိုက်သေဆုံးသူ ၅ ဦးဆိုတာက ဗွီဒီယိုထဲမှာ ဗုံးချလိုက်လို့ လဲကျသွားတာ ၅ ယောက်တွေ့လို့၊ ထိခိုက်သေဆုံးသူစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူးပေါ့” လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ကလည်း ပုလောမြို့နယ် မင်းထိန်ရွာမှ ပဝတ်ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ “နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် မိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Palaw People’s Defence force က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013