DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တပ်ရင်း ၁၀၀၈ အတွက် စနိုက်ပါသေနတ်ကမ်ပိန်း ၉၂ ရာခိုင်နှုန်းအောင်မြင်၊ သိန်း ၃၀ ကျော်လိုအပ်နေ
DVB
·
July 20, 2022
ရှမ်းတောင်တပ်ရင်း ၁၀၀၈ အတွက် စနိုက်ပါသေနတ်ကမ်ပိန်း ၉၂ ရာခိုင်နှုန်းအောင်မြင်၊ သိန်း ၃၀ ကျော်လိုအပ်နေ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ စနိုက်ပါသင်တန်းဆင်း တော်လှန်ရေးရဲ ဘော်တွေအတွက် လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ One Shot One Kill Sniper ကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားရာမှာ လတ်တလောမှာတော့ ၉၂ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီဖြစ်ကာ ကျပ်သိန်း ၃၀ ကျော် လိုအပ်နေသေးတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် တပ်ရင်းတခုဖြစ်တဲ့ အမှတ် ၁၀၀၈ တပ်ရင်း၊ ရှမ်းတောင်အတွက် စနိုက်ပါသေနတ် နှစ်လက်ရရှိဖို့ ဒီကမ်ပိန်းကို တပ်ရင်းနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းစီစဉ်တာလို့ ဆိုပါတယ်။

“ဝမ်းသာစရာသတင်းမျှဝေချင်ပါတယ်။ PDF တပ်ရင်း ၁၀၀၈ က ရဲဘော်တွေလည်း အင်မတန်မှ အားတက်နေကြပါတယ်။ Sniper Campaign က ၉၂ ရာခိုင်နှုန်း အောင်မြင်သွားပါပြီ။  ၈ ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်။ သိန်း ၃၀ ထပ်ရရင် ပြည့်ပါပြီ။ NyiThuta's Diary Facebook Page  မှာ တပ်ရင်းက ရဲဘော်တွေ စောင့်နေကြပါတယ်။ ဘယ်လိုထောက်ပံ့ရမလဲဆိုတာကို စုံစမ်းပါဗျ။ နောက်ဆုံးကျန်တဲ့ သိန်း ၃၀ ကို အင်တိုက် အားတိုက် ပါဝင်လိုက်ကြရအောင်ဗျို့။ လက်နှေးရင် ပါခွင့်ရတော့မှာ မဟုတ်လို့ ဒီပို့စ်ကိုမြင်တာနဲ့ တစ်ခါတည်းပါဝင်လိုက်ကြပါ။”

ဒီကမ်ပိန်းကိုတော့ နိုင်ငံခြားဘဏ်အကောင့်တွေ၊ ပြည်တွင်းအကောင့်တွေနဲ့ လုံခြုံစိတ်ချစွာ ထည့်ဝင်နိုင်မှာဖြစ်ကာ စနိုက်ပါ နှစ်လက်အတွက် ကျပ်သိန်း ၄၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ပါဝင်လှူဒါန်းသူတွေရဲ့ အလှူငွေတွေကို အမှတ် ၁၀၀၈ တပ်ရင်းကနေ တိုက်ရိုက် လက်ခံပေးသွားမှာဖြစ်ပြီး ဂုဏ်ပြုလွှာလိုအပ်ပါက ထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ဆက်သွယ်လှူဒါန်းရန်လင့်ခ်-

 ၁၀၀၈ တပ်ရင်းရဲ့ တရားဝင် Telegram account- https://t.me/Infantry1008

၁၀၀၈ တပ်ရင်း page link - https://www.facebook.com/No1008-Infantry-Southern-Shan-114675854567648/ဗိုလ်ကြီး ညီသုတ page link - https://www.facebook.com/nyithuta08

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013