DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေစခန်းငယ်တခု တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
July 19, 2022
ကေအိုင်အေစခန်းငယ်တခု တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်း- လီဒိုလမ်း ကနွယ်သူမှော်မှာ အခြေစိုက်တဲ့ ကေအိုင်အေစခန်းငယ်တခုကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရှဒူးဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အေ တပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ရွာခံတဦးက “ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က မင်းဇင်သန့် ဦးဆောင်ပြီး တပ်သား ၇ ယောက် လောက်ပဲရှိတဲ့ ကနွယ်သူက ကေအိုင်အေစခန်းငယ် တခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

မနက်အစောကြီးကတည်းက ပြည်သူ့စစ်အဖွဲ့က ကား ၂ စီးနဲ့ ထွက်သွားကြပြီး ကေအိုင်အေ တပ်ရင်း - ၁၄ နယ်မြေထဲမှာရှိတဲ့ ကေအိုင်စခန်းငယ်ကို ဝင်တိုက်တာလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့က ချောင်းဆုံရွှေမှော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး အင်အား ၅၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က KIA တပ်စခန်းကို သွားရောက် တိုက်ခိုက်တာ ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မင်းဇင်သန့် ဦးဆောင်တဲ့ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ ဝါရာဇွပ်ကျေးရွာမှာ တပ်စွဲထားပြီး ခလရ ၂၉၇ တပ်ရင်း လက်အောက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013