DVB Logo
Home
Lead Story
အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို ဂုဏ်ပြုမည်
DVB
·
April 4, 2014
အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို ဂုဏ်ပြုမည်
Donate to DVB

လာမယ့် ဧပြီ ၇ ရက်နေ့ကျရင် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင် ထားကြတဲ့ လုပ်ငန်းရှင် စုစုပေါင်းအယောက် ၁၀၀ ကို ပြည်တွင်းအခွန်ဦးစီးဌာနက ဂုဏ်ပြုလက်မှတ်တွေ ပေးမယ်လို့ ရန်ကုန်တိုင်းအခွန်ရုံး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

tax pဒီလုပ်ငန်းရှင်တွေရဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဆောင်ခဲ့တဲ့ ပမာဏကို
ကြည့်ပြီး ဂုဏ်ပြုတာ ဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲမှာ ကမ္ဘောဇဘဏ်က အခွန်အများဆုံး ဆောင်ထားသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က လုပ်ငန်းရှင် ၄၀ ကို ဂုဏ်ပြုခဲ့ပြီး အခုနှစ် တိုးမြှင့်ကာ အယောက် ၁၀၀ ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

လောလောဆယ် အခွန်မဆောင်ပဲ တိမ်းရှောင်နေတဲ့ ကုမ္ပဏီ ၈ ထောင်ကျော်ကိုလည်း ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013