DVB Logo
Home
Lead Story
ပက်ပ်စီ ဖြန့်ပြီ
DVB
·
April 4, 2014
ပက်ပ်စီ ဖြန့်ပြီ
Donate to DVB

ဈေးကွက်ထဲမှာ အချိုရည်တွေ ပုလင်း စတင်ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန် ကြေညာပါတယ်။ လက်ရှိ ဖြန့်ဖြူးနေတာဟာ ၃၃၀ မီလီဝင် ပုလင်းတွေ ဖြစ်ပြီး ၁ ပုလင်း ကျပ် ၂၀၀ နဲ့ ရောင်းချတယ်လို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် ပိုင်ရှင်တယောက်က ပြောပြပါတယ်။

PEPIကမ္ဘာကျော် ပက်ပ်စီ အချိုရည်ဟာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ လာရောက် ထုတ်လုပ် ရောင်းချခဲ့ဖူးပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံထဲက ပြန်လည် ထွက်ခွာသွားပါတယ်။

အခု ပြန်လည် ၀င်ရောက်လာတဲ့ ပက်စီ အချိုရည်ကို ကိုရီးယား အခြေစိုက် LOTTE chilsung Beverage ကုမ္ပဏီနဲ့ ဦးသိန်းထွန်းပိုင် MGS ကုမ္ပဏီတွေက ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။

လက်ရှိ ပုလင်းတွေနဲ့ ထုတ်လုပ်ဖြန့်ချိနေပြီး သိပ်မကြာခင် သံဗူးတွေနဲ့ပါ ထုတ်လုပ်ဖြန့်ချိသွားမယ် လို့ ဆိုပါတယ်။

ကမ္ဘာကျော် ကိုကာကိုလာ ကုမ္ပဏီကတော့ ဒီထက်စောပြီး ဈေးကွက်ထဲ ၀င်ရောက်နေပြီး သံဗူး၊ ပုလင်း၊ ပလပ်စတစ်ဗူးကြီးနဲ့ ဗူးငယ် ၄ မျိုး ထုတ်လုပ်ဖြန့်ချိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013